ထားဝယ် – ကော့သောင်း ခရီးစဉ်ဖျက်သိမ်း၍ Apex လေကြောင်းလိုင်းနှင့် ခရီးသည် တင်းမာမှုဖြစ်

0
553
Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ - ဖိုးဇော်

ဗစနထ လေကြောင်းလိုင်းမှ  ထားဝယ်                မြို့မှ ကော့သောင်းမြို့သို့ ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် ဖျက်လိုက်သည့်အတွက် နိုဝင်ဘာလ၁၁ရက်က ခရီးသည်များနှင့် ယင်းလေကြောင်းလိုင်း တာဝန်ရှိသူ များအကြား တင်းမာမှု ဖြစ်ပွားခဲ့ရ ကြောင်း ယင်းခရီးစဉ်၌ လိုက်ပါမည့် ခရီးသည်များက ပြောကြားသည်။


ယင်းခရီးသည်များအား ထားဝယ် လေဆိပ်သို့ နံနက် ၁၀ နာရီခွဲအချိန် လာရောက်ရန် ချိန်းဆိုခဲ့ပြီး ညနေ ၃နာရီ ခွဲခန့်တွင် ထားဝယ် လေဆိပ်သို့ လေ ယာဉ်ဆိုက်ခဲ့သော်လည်း ထားဝယ်မှ ကော့သောင်းမြို့သို့ မထွက်ခွာဘဲ ထား ဝယ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာ ခဲ့ခြင်းကြောင့် ခရီးသည်များနှင့် လေ ကြောင်းလိုင်းတို့ တင်းမာမှုဖြစ်ပွားခဲ့ရ ကြောင်း ၎င်းတို့က ပြောဆိုသည်။

Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ - ဖိုးဇော်
Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ – ဖိုးဇော်

” ကျွန်မတို့မှာ စီးပွားရေးသမား တွေ ပါတယ်၊ တစ်နေ့နေရင် တစ်နေ့ စီးပွား ရေး လစ်ဟာတဲ့အတွက် တောင်းဆို             ချက် ၃ မျိုးကို ပြောခဲ့တယ်” ဟု ကော့ သောင်းမြို့သို့သွားရောက်မည့် ထားဝယ်  သူ ခရီးသည်တစ်ဦးက ဆိုသည်။
အဆိုပါ ခရီးသည်များက နိုဝင်ဘာ လ ၁၂ရက်တွင် ထားဝယ်-ကော့သောင်း ခရီးစဉ်ကို ခရီးသည်များကို ပို့ဆောင်ပေး ရန်နှင့် ခရီးသည်များအား ထားဝယ် လေဆိပ် အသွားအပြန် ကြိုပို့ပြုလုပ် ပေးရန်၊  တည်းခိုစရိတ်နှင့် စားစရိတ်ပေး ရန်၊ နစ်နာကြေးအနေဖြင့် လေယာဉ် လက်မှတ်တန်ဖိုး၏ တစ်ဝက်ကို လေ ကြောင်းလိုင်းဖက်မှ ပေးဆောင်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လေကြောင်းလိုင်းအနေဖြင့် ခရီး သည်များ တည်းခိုသည့်နေရာမှ ထား ဝယ် လေဆိပ်သို့ မော်တော်ယာဉ်ဖြင့် အသွားအပြန်၊ ကြိုပို့ပြုလုပ်ပေးခြင်း၊ တည်းခိုရန် စီစဉ်ပေးခြင်း၊ စားစရိတ်အဖြစ် ငွေကျပ် ၃၀၀၀ပေးခြင်းတို့ကို ပြုလုပ်ပေး မည် ဖြစ်ပြီး နစ်နာကြေးငွေ ပေးရန်ကိုမူ Apex လေကြောင်းလိုင်းဥက္ကဋ္ဌက ခွင့် မပြုကြောင်း ယင်းလေကြောင်းလိုင်းမှ ထားဝယ်လေဆိပ် တာဝန်ခံက ပြောဆို သည်။
ယင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည် ၅၃ ဦးရှိသည်အနက်မှ ခရီး သည် ၈ ဦးမှာ ငွေကျပ် ၁၀၀၀၀ ကို နစ်နာကြေးအဖြစ်ယူရန် သဘောတူ ညီခဲ့ပြီး ခရီးသည် ၂ဦးမှာ မည်သည့်ငွေမျှ မယူခဲ့ကြောင်း၎င်းက ပြောဆိုသည်။
” နစ်နာကြေး လုံးဝမယူဘူး၊ နောက်ဆို ဗစနထ လေယာဉ်ကိုလည်း မစီးတော့ဘူး၊ လက်မှတ်ခပြန် ထုတ်လာ တယ်” ဟု ယင်းခရီ စဉ်တွင်လိုက်ပါမည့် မဖြိုးသန္တာအောင်၏ဖခင် ဦးခင်မောင်သိန်း က ဆိုသည်။
ယင်းလေကြောင်းလိုင်းနှင့် ခရီး သည်များ ဆက်လက်ညှိနှိုင်းရာ ကျန်ရှိ သော ခရီးသည် ၄၃ဦးက အထက်ပါ တောင်းဆိုချက် များအစား နစ်နာကြေး ဖြင့် ငွေလေးသောင်းကျပ်ပေးရန် ဆက် လက် တောင်းဆိုရာ လေကြောင်း လိုင်း ဘက်မှ သဘောတူခဲ့ကြောင်း ဗစနထ လေကြောင်းလိုင်းမှ ထားဝယ်ကွင်း တာဝန်ခံက ပြောဆိုသည်။
ယင်းနေ့ နံနက်ပိုင်းတွင် ထား ဝယ်မြို့၌ ဆီးနှင်းများကျဆင်းလျက်ရှိ၍ ရန်ကုန်မှ ထားဝယ်မြို့သို့ ပြေးဆွဲသည့် လေယာဉ်မှာ သတ်မှတ်အချိန်ထက် ၂ နာရီကျော် နောက်ကျပြီးမှ ထားဝယ် လေယာဉ်ကွင်းသို့ ရောက်ရှိလာခြင်း ကြောင့် ထားဝယ်-ကော့သောင်းမြို့သို့ ညနေပိုင်းခရီးစဉ်ဖြင့် ဒုတိယခေါက် ပြေးဆွဲပျံသန်းမည့်အချိန် မလုံလောက် ခြင်းကြောင့် ယင်းခရီးစဉ်ကို ဖျက်သိမ်း ရခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။
ယင်းခရီးသည်များအား နိုဝင်ဘာလ ၁၂ရက်နေ့၊ နံနက် ၈း၃၅နာရီတွင် ထားဝယ်-ကော့သောင်းမြို့ ခရီးစဉ်အား ပြန်လည် ပြေးဆွဲခဲ့သည်ဟု Apex  လေကြောင်းလိုင်းထံမှ သိရသည်။