ကြိုတင်မဲပေးခွင့်ရှိသူများ မြို့နယ်ကော်မရှင်ခွဲတွင် စပေးနိုင်

0
425

ထားဝယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ အောက်တိုဘာလ ၂၉ ရက်နေ့မှ ဆန္ဒမဲ စပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် မဲဆန္ဒ နယ်ပြင်ပ ရောက်နေသူများ၊ အချုပ်သား များ၊ ဆေးရုံတက်ရောက် နေရသူများ၊ တပ်မတော်သားများနှင့် နိုင်ငံပြင်ပရောက် ရှိနေသူများ ပါဝင်ကြောင်း ယင်းကော် ရှင်ထံမှ သိရသည်။
” မဲပုံးကို ဒီနေ့က စပြီးထားပေး ထားပါပြီ။ အဲဒါကို နိုဝင်ဘာလ ၈ ရက် နေ့ ညနေ ၄ နာရီမှ ဖွင့်ပါမယ်” ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

ယင်းကြိုတင်မဲပုံးကို အောက်တို ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ခန့်တွင် ပါတီအသီးသီး၏ ကိုယ်စား လှယ်များ၊ စောင့်ကြည့်ရေး အဖွဲ့များနှင့် မီဒီယာများ၏ ရှေ့တွင် ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ်တွင် ပုံစံ(၁-၁) ဖြင့် ကြိုတင်မဲပေးခွင့်ရှိသည့် မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများ၊ အချုပ်သားနှင့် ဆေးရုံတက် နေရသူများ ၇၅ ဦး၊ ပုံစံ (၁-၂) ဖြင့် ကြိုတင်မဲပေးခွင့်ရှိသည့် တပ်မတော်သား ၇၀၀ ကျော်နှင့် ပုံစံ (၁-၃) ဖြင့် ကြိုတင်မဲ ပေးခွင့်ရှိသည့် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင် ၁၀၀ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော် မရှင်ထံမှ သိရသည်။