လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်မှုကြောင့် ရေလုပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရ

0
442

ထားဝယ်မြို့အနီး ပင်လယ်ပြင် ငါးဖမ်းကွက် ငါးဖမ်းလှေ(ဝါတန်း)ပေါ် တွင် အောက်တိုဘာ၂၃ရက်နေ့ ညနေ ၆နာရီခွဲခန့်က ဓာတ်လိုက်မှု တစ်ခုဖြစ်ပွား ခဲ့ပြီး ရေလုပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ငါးဖမ်းလှေ ပေါ်၌ လုပ်ကိုင်နေသည့် ရေလုပ်သားများ ထံမှ သိရသည်။

လှေကရိန်းတိုင်(ခွင်းတိုင်)ပေါ်၌ တပ်ဆင်ထားသော ဝါယာကြိုးပေါက် ထွက်ရာမှ ငါးဖမ်းပိုက်ကို စက်ဖြင့် ဆွဲတင်နေသည့် ရေလုပ်သားလေးဦး ဓာတ်လိုက်ခံရကာ နှစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ ရေလုပ်သားများက ပြောသည်။
” မီးကြိုးက ဖောက်ကနဲ မြည်ပြီး ပေါက်ထွက်တာ၊ အဲဒီ ကရိန်းတိုင်နဲ့ နီး နေတဲ့သူတွေ ဓာတ်လိုက်ကုန်တာ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ရေလုပ်သား တစ်ဦးက ဆိုသည်။

ယင်းဓာတ်လိုက်မှုကြောင့် သရက် ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာမှ ရေလုပ် သားတစ်ဦးနှင့် ကြာအင်း (သရဲတောင်)ကျေးရွာမှ တစ်ဦးသေဆုံးခဲ့ပြီး ကင်းရှေ့ ကျေးရွာမှ ရေလုပ်သား နှစ်ဦးဒဏ်ရာ အသီးသီး ရရှိခဲ့သည်ဟု သိရသည်။
လှေပိုင်ရှင်မှ သေဆုံးသူ တစ်ဦး လျှင် နစ်နာကြေး ငွေကျပ် သိန်းနှစ် ဆယ်စီနှင့် ဒဏ်ရာရသူများကို တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ အသီးသီး ပေးအပ်ခဲ့ သည်ဟု သေဆုံးသူ၏ မိသားစုဝင်များ က ပြောသည်။

” အသက်၃၀လောက်ရှိတဲ့ သားတစ် ယောက်ရဲ့ အသက်တစ်ချောင်း ဟာ ငွေသိန်းနှစ်ဆယ်ပဲ တန်ဖိုးရှိပါ လားလို့ ခံစားရတယ်” ဟု ကင်းရှေ့ ကျေးရွာမှ သေဆုံးသူဖခင်က ဖွင့်ဟသည်။
ငါးဖမ်းလှေများပေါ်တွင် ယခုကဲ့ သို့ ဓာတ်လိုက်မှုများမှာ မကြာခဏ ဖြစ်လေ့ရှိပြီး လူသေဆုံးမှုဖြစ်သည်အထိ ဖြစ်လေ့ မရှိကြောင်း ဝါရင့် ငါးဖမ်းလှေ စက်ဆရာတစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှုကို မောင်းမကန်ရဲစခန်းမှ သေမှု သေခင်း အမှတ် ၁၈ ^ ၂၀၁၅၊ ၁၉ ^ ၂၀၁၅ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။