ကျောက်မီးသွေးမြေစာပုံ မီးမကြာခဏ လောင်၍ ဘန်းချောင်းဒေသခံများ စိုးရိမ်

0
455

ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီးကျေးရွာရှိ East Star Mining ကုမ္ပဏီမှ တူးဖော်ထားသည့် ကျောက်မီးသွေး မြေစာပုံတွင် မကြာခဏ မီးလောင်မှုဖြစ်ပွားသဖြင့် ကွမ်းချောင်း ကြီး ရွာသူရွာသားများ စိုးရိမ်လျက်ရှိ ကြောင်း ဘန်းချောင်းဒေသခံများထံမှ သိရသည်။


ယင်းကျောက်မီးသွေးပုံမှ ယခုနှစ် ဧပြီလမှ လက်ရှိအချိန်အထိ မီးလောင် မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် ကုမ္ပဏီ မှ မီးကိုမြေဖြင့် ပြန်ဖုံးကာ မီးငြိမ်းသတ် သော်လည်း မကြာမီ မီးလောင်မှု ထပ်မံ ဖြစ်ပွားလာလေ့ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။
“ကျောက်မီးသွေးမီးလောင်တာကို ကုမ္ပဏီက ရေတိုဖြေရှင်းနည်းနဲ့ပဲ ဖြေရှင်း တယ်၊ မြေနဲ့လာဖုံးတယ်၊ ပြီးရင် မီးပြန် လောင်လာပြန်တယ်” ဟု တာကပေါလူ ငယ်အဖွဲ့မှ အကြံပေးတစ်ဦးဖြစ်သူ နော်ပီ သလောက ဆိုသည်။
မီးလောင်မှုဖြစ်ပွားသော ကျောက် မီးသွေး မြေစာပုံအနီးတွင် မြေကြီး အပူ ရှိန်မြှင့်၍ ယင်းမြေကြီးအပေါ်တွင် မထိုင် နိုင်ခြင်း၊ အပူရှိန်ကြောင့် သီးနှံပင်များ ထွက်နှုန်းကျဆင်းခြင်း၊ အနံ့ဆိုးများ ထွက်ခြင်းတို့ ဖြစ်လျက်ရှိကြောင်း ဘန်း ချောင်ဒေသ လူထုအခြေပြု ဖွံ့ဖြိုးတိုး တက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့ ဥက္ကဋ္ဌစောကဘူးက ပြော သည်။

ကျောက်မီးသွေးမီးသည် ငြိမ်းသတ် ရ အလွန်ခက်ပြီး မီးလောင်ကျွမ်းရာမှ အာဆင်းနစ်၊ မာကျူရီ (ပြဒါး)၊ ဆီလီနီ ယမ်နှင့် အခြား အဆိပ်အတောက်များ ထုတ်လွှတ်နေသည်ဟု ပညာရှင်များမှ တွေ့ရှိထားကြောင်း ထားဝယ်အရပ် ဘက်အဖွဲ့အစည်းများ ပူးတွဲသုတေသန ပြုရေးသားထားသည့် ဘန်းချောင်း ကျောက်မီးသွေးတွင်း စီမံကိန်းကြောင့် ထိခိုက်ခံစားရသော ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ရိုက်ခတ်မှု အစီရင်ခံစာ၌ ရေးသားထားသည်။

ယင်းအငွေ့များကို အနီးအနားရှိ ရွာသားများက ရှုရှိုက်မိနိုင်ပြီး သီးနှံနှင့် ဟင်းသီးဟင်းရွက်ခင်းများကို ပျက်စီး စေခြင်း၊ ငါးနှင့် တိရိစ္ဆာန်များကိုပါ သေ ကျေစေနိုင်သည့်အတွက် ကျန်းမာ ရေး အန္တရာယ်ကြီးလှကြောင်း၊ ကျောက် မီးသွေးမီးသည် လေထုထဲသို့ ကာဗွန် အမြောက်အမြားကိုလည်း ထုတ်လွှတ် ကာ ရာသီဥတုပြောင်းလဲမှုကို ပိုဖြစ်စေ ကြာင်း ယင်းအစီရင်ခံက ထောက်ပြ ထားသည်။
ယင်းဘန်းချောင်းဒေသတွင် ကျောက်မီးသွေးမိုင်းတူးဖော်ရန် မေဖလား ဝါးကုမ္ပဏီအား မြေဧက ၂၁၀၀ ကို သတ္တု တွင်း ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပြုထားပြီး ကျောက်မီးသွေးတူးဖော်ခြင်းကို KNU တပ်မဟာ(၄)ခွင့်ပြုချက်ဖြင့် ကွမ်းချောင်း ကြီး ထိုင်းနိုင်ငံသားပိုင် East Star Mining   ကုမ္ပဏီက လုပ်ကိုင်လျက်ရှိ သည်ဟု သိရသည်။