ရွေးကောက်ပွဲ မဲဆွယ်စတစ်ကာများ နိုဝင်ဘာ ၆ ရက် နောက်ဆုံးထား ဖြုတ်ခွာရမည်

0
443

ရွေးကောက်ပွဲ မဲဆွယ်ပိုစတာ ဆိုင်းဘုတ်များ အပြင် စတစ်ကာများ ကိုပါ မဲဆွယ် ကာလကုန်ဆုံးမည့် နိုဝင် ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ဖြုတ် ခွာ ပေးရမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တိုင်းဦးစီးမှူး ဦးထွန်းကြည်က ပြောကြားသည်။


လမ်းဆုံလမ်းခွများ၊ မြင်သာ ထင် သာသည့်နေရာများတွင် စည်ပင် သာယာ ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စိုက်ထူထား သည့် ဆိုင်းဘုတ်များနှင့် ကား၊ ဆိုင်ကယ် စသည့် ယာဉ်များတွင် ကပ်ထားသည့် မဲဆွယ် စတစ်ကာများကို ဖြုတ်ခွာရ မည်ဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးထွန်း ကြည်က ပြောသည်။

election_stickers
” စတစ်ကာတွေလည်း စည်းရုံးရေး သဘောဆောင်တဲ့အတွက် တရားမဲ့ပြု ကျင့်မှု(ရွေးကောက်ပွဲဥပဒေများ၊ အခန်း ၁၄၊ တရားမဲ့ပြုကျင့်မှုများအခန်း)မှာ အကျုံးဝင်တယ်” ဟု ဦးထွန်းကြည်က ဆိုသည်။
ပါတီ အသီးသီး၏ မဲဆွယ် စတစ် ကာများကို မခွာဘဲထားပါက တစ်ဖက် ပါတီက တိုင်ကြားလာလျှင် ရွေးကောက် ပွဲရလဒ်တွင် ပြဿနာ ရှိနိုင်ပြီး တရား စွဲဆိုမှုရှိလာပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် တစ်သိန်း ပြစ်ဒဏ် ခံရနိုင်သည်ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာလွှတ်တော်များ ရွေး ကောက်ပွဲ ဥပဒေများတွင် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲမဆွယ်ရဟုသာ ပါရှိ သော်လည်း ညွှန်ကြားချက်များအရ ကိုက် ၅၀၀ အပြင်တွင်လည်း မဲဆွယ်ခွင့်မရှိဟု တိုင်းဦးစီးမှူး ဦးထွန်းကြည်က ပြောသည်။
” ဒါကတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ ကိုယ့်ဆိုင်ကယ်မှာ ကိုယ်ကပ်ထားတာလေ။ မဲရုံနားကို ဆိုင်ကယ် ယူမသွားရင်ပြီးရော မဟုတ်ဘူးလား”  ဟု  ဆိုင်ကယ်တွင် NLD စတစ်ကာကပ်ထားသည့် ပိန္နဲတော ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
မဲဆန္ဒရှင်များ စိတ်ထွေပြားနိုင်သည့်အတွက်ဟု ညွှန်ကြားချက်တွင် ပါရှိပြီး နေပြည်တော်တွင် ပါတီခေါင်းဆောင်များနှင့် တွေ့စဉ်ကတည်းက ပြောထားပြီးဖြစ်ကြောင်း ဦးထွန်းကြည်က ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ကလည်း မဲမဆွယ်ရနေ့မှစပြီး ပါတီအင်္ကျီ၊ ရင်ထိုး၊ တံဆိပ် စသည်တို့ကို မဝတ်ကြရန် ကြေညာချက် ထုတ်ထားသည်ဟု သိရသည်။
” ရပ် / ကျေးပါတီတွေနဲ့ ပါတီဝင်တွေကနေတဆင့် ပါတီကို ထောက်ခံသူတွေကို ဒီလိုမျိုး စတစ်ကာ တွေခွာဖို့၊ ပါတီအင်္ကျီ၊ ရင်ထိုးနဲ့ တံဆိပ်တွေကို မဝတ်ဆင်ဖို့ မတပ်ဆင်ဖို့ မေတ္တာရပ်ခံသွားမယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင်တွေမှာ စာကပ်ပြီး အသိပေးတာ၊ မေတ္တာရပ်ခံတာတွေကိုလည်း လုပ်နိုင်သလောက် လုပ်သွားမယ်” ဟု အင်န်အယ်လ်ဒီ တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ပါတီမှ မဲပေးနည်း ပညာပေးစဉ်၊ တစ်အိမ်တက်ဆင်း မဲဆွယ်ချိန်တို့တွင်လည်း အသိပေး သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်တွင် နာမည်ကျော် အနုပညာရှင် ပါဝင်အားဖြည့် မဲဆွယ်မည့်ပွဲတွင် လည်း မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ဝင်က ပြောသည်။
မည်သူမဆို ရွေးကောက်ပွဲ ကျင်း ပသည့်နေ့တွင် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာ အတွင်း၌ ဖြစ်စေ၊ မဲဆွယ်ခြင်း ပြုလုပ်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ အား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရလုံး ဖြစ်စေချ မှတ်နိုင်သည်ဟု သက်ဆိုင်ရာလွှတ်တော်များ ရွေးကောက် ပွဲဥပဒေများတွင် ဖော်ပြထားသည်။