ကထိန်ခင်း ရှင်ပြုအလှူများမှ ရုပ်လုံးဖော် မီးပုံး အမှာများလာ

0
393

ယခုနှစ်ပွင့်လင်းရာသီတွင် ကထိန် ခင်း ရှင်ပြုအလှူပွဲများတွင် လွှတ်တင် ရန်အတွက် ရုပ်လုံးဖော်မီးပုံးများ အမှာ များလာကြောင်း ကမြောကြီး ကျေးရွာမှ မီးပုံးနှင့် ရုပ်လုံးဖော်မီးပုံး ပြုလုပ်သူများ ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ဝက်ဝံရုပ် မီးပုံး ၈ လုံးသာ ချုပ်လုပ်ခဲ့ရပြီး ယခုနှစ် အစတွင် ဝက်ဝံရုပ်မီးပုံး၊ သင်္ဘောသီး မီးပုံးနှင့် ဆင်ရုပ်မီးပုံးများ စုစုပေါင်း ၁၅ လုံး အမှာရှိသည်ဟု ကမြောကြီး ကျေးရွာမှ မီးပုံးနှင့် ရုပ်လုံးဖော် မီးပုံး ပြုလုပ်သူ ဦးဖြိုးဝေစိုးက ပြောသည်။
ယင်းရုပ်မီးပုံများအနက် အမြင့် ၁၇ ပေရှိသော ဝက်ဝံရုပ် မီးပုံးကို ပြုလုပ် ပေးရန် မှာယူသူများလာကြောင်း ၎င်းက ပြောဆိုသည်။
” ဝက်ဝံရုပ်မီးပုံးက ပုံလဲလှတယ်၊ တက်အားကောင်းလို့ လူကြိုက်များ တယ်” ဟု ဦးဖြိုးဝေစိုးက ဆိုသည်။
mee_poe
သီတင်းကျွတ်လပြည့်နေ့တွင် ကမြောကြီးကျေးရွာမှ ချုပ်လုပ်သော ၁၅၂ပေပတ်လည်ရှိသော မီးပုံးကြီး နှင့် အတူ ရုပ်စုံမီးပုံးများကို ယင်းကျေးရွာ အုပ်စုရှိ ကဘူတောင် အပေါ်တွင် လွှတ် တင်လေ့ရှိရာမှ ယခုနှစ်ပိုင်းအတွင်း အလှူပွဲများ၌ အရွယ်အစားအမျိုးမျိုး ရှိသော မီးပုံးနှင့်ရုပ်စုံ မီးပုံများကို လွှတ် တင်လာခဲ့သည်ဟု ဒေသခံများထံမှ သိရ သည်။

ကမြောကြီးကျေးရွာ၊ လောင်းလုံး-ထားဝယ်လမ်းနံဘေးရှိ မီးပုံးနှင့် ရုပ်လုံး ဖော် မီးပုံးချုပ်သူထံ၌လည်း သင်္ဘောသီးပုံ မီးပုံး ၅လုံးကို ကထိန်ပွဲ ပြုလုပ်သူများက မှာယူထားကြောင်း ကမြောကြီး ရွာခံ များက ပြောသည်။

ရုပ်စုံမီးပုံးများဖြစ်သော ဆင်၊ ဟင်္သာ၊ ဝက်ဝံ၊ ဒွန်(ကောက်ညင်းထုပ်)၊ သင်္ဘောသီး၊ ဘုရင်နှင့် ဘုရင်မပုံ၊ မီးပုံးပျံ ဦးကျော်ရင်ပုံစသော မီးပုံများကိုချုပ် လုပ်ကာ လွှတ်တင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ဝက်ဝံရုပ်မီးပုံးတစ်လုံးကို ၂ရက်၊ သင်္ဘောသီးပုံမီးပုံးကို တစ်ရက်၊ ဆင်ရုပ် မီးပုံကို ၃ရက်အကြာအချိန်ယူ၍ ပလပ် စတစ်အပါးဖြင့် ချုပ်လုပ်ရပြီး ၁၇ပေ အမြင့်ရှိ ဝက်ဝံရုပ်မီးပုံးကို ကျပ် ၆၀၀၀၀ မှ ကျပ် ၇၀၀၀၀၊ ၄၀ ပေ ပတ် လည်ရှိ သော သင်္ဘောသီး မီးပုံးကို ကျပ်၃၀၀၀၀၊ ၁၀ ပေအမြင့်ရှိသော ဆင်ရုပ်မီးပုံးကို ကျပ် ၄၅၀၀၀ မှ ကျပ် ၅၀၀၀၀ အထိ ဈေးနှုန်းအသီးသီးဖြင့် ချုပ်လုပ်လျက် ရှိသည်ဟု သိရသည်။