မြို့တွင်းလမ်း ၆ မိုင် ကျော် နိုင်လွန် ကတ္တရာခင်းမည်

0
492

ထားဝယ်မြို့တွင်းလမ်း ၆ မိုင် ၁ ဖာလုံကို အောက်တိုဘာလလယ်မှ စပြီး နိုင်လွန် ကတ္တရာခင်းမည်ဖြစ် ကြောင်း တည်ဆောက်ရေး (၄) ၊ လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။


နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့် လည်သည့် လမ်း ၁၇ လမ်းမှ အ လျားပေ အရှည် ၃၂၃၈၆ ပေအား ၂လက်မထု နိုင်လွန်ကတ္တရာခင်းမည် ဖြစ်ကြောင်း လမ်းအထူးအဖွဲ့ ၂၃၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်ဝင်းက ပြောသည်။
ထားဝယ်မြို့ရှိ ပြုပြင်ရန် လိုအပ် သော ကမ်းနားလမ်း၊ ဆန်းချီလမ်း၊ မီးသတ်လမ်းများကို စတင်၍ နိုင်လွန် ကတ္တရာခင်းပြီးနောက် ကျန်သောလမ်း များကို ဆက်ခင်းသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါလမ်းများအား တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ်၁၂၄၄ သန်း သုံးစွဲကာ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်းအပြီး ဆောင်ရွက် မည်ဟု လမ်းအထူးအဖွဲ့ ၂၃ ထံမှ သိရသည်။