ဆန်အိတ် ပေါင်ချိန် မပြည့်သည့် ဆိုင်များစစ်မည့် အစီအစဉ် ပြောသည့်အတိုင်း မစနိုင်သေး

0
570

သတ်မှတ်အလေးချိန် မပြည့်ဘဲ ရောင်းချလျက်ရှိသည့် ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များကို စက်တင်ဘာလမှ စတင်၍ ရှောင်တခင် စစ်ဆေး အရေး ယူမည်ဟု သက်ဆိုင်ရာက ဆိုထားသော် လည်း ယခုအောက်တိုဘာလ ဒုတိယ အပတ်အထိ လုပ်ဆောင်ခြင်း မရှိသေး ကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်း ထံမှ သိရသည်။


ယင်းသို့ စစ်ဆေး အရေးယူ သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကုန် သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဩဂုတ်လအတွင်းက သတင်းထုတ်ပြန်ထားသည်။ ” စားသုံးသူတွေက အလေးချိန်ပြည့်၊ မပြည့်ဆိုတာထက် ဈေးနည်းတာ၊ များတာပဲကြည့်ပြီး ဝယ်ကြတော့ ပေါင်ချိန်အမှန်နဲ့ ဈေးအမှန် ရောင်းချ နေတဲ့ဆိုင်တွေ အရောင်းအဝယ် အေးသွားတာပေါ့” ဟု ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်မှ ဆန်ကုန်သည် တစ်ဦး က ဆိုသည်။
ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်း ရှင်များအသင်းကမူ ယင်းသို့ စစ်ဆေး နိုင်သည့် အခွင့်အရေးမရှိဘဲ ဆန်ထွက် ပစ္စည်း ထုတ်လုပ်သူ (ဆန်စက်)၊ ရောင်းချသူနှင့် စားသုံးသူများအကြား အပြန်အလှန် သင့်တင့်မျှတစေရန် ညှိနှိုင်း ဆောင်ရွက်ပေးခွင့်သာရှိကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် ကပြောဆိုသည်။” ကျွန်တော်တို့အသင်းက လူမှု စီးပွားရေး အသင်းဖြစ်လို့ ညှိနှိုင်းခြင်းနဲ့ နှိုးဆော်ခြင်းတွေသာ ဆောင်ရွက် ခွင့်ရှိတာပါ။ ဒီထက်ပိုပြီး လုပ်ပိုင် ခွင့်မရှိပါဘူး” ဟု ဦးနိုင်လွင်လတ်က ဆို သည်။
ဆန်အိတ်တစ်အိတ်တွင် သတ် မှတ်ပေါင်ချိန်အတိုင်း ရောင်းချမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်သော ဆန်စပါး လုပ်ငန်း ရှင်များအသင်း အစည်းအဝေးသို့ တက်ရောက်လာသူများက သဘောတူ ဆုံးဖြတ်ခဲ့သော်လည်း ဈေးကွက်အတွင်း လိုက်နာမှု အားနည်း လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
တိုင်းဒေသကြီး စားသုံးသူ အငြင်း ပွားမှု ဖြေရှင်းရေး ကော်မတီ အနေနှင့်မူ ယင်းကိစ္စနှင့်ပတ်သက်၍ ဆန်လုပ်ငန်း ရှင်များနှင့် ဆန်စက် လုပ်ငန်းရှင်များကို ခေါ်ယူ ဆွေးနွေးပြီးနောက် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်း ညွှန်မှုကိုခံယူကာ အရေးယူလုပ် ဆောင် သွားမည်ဟု ကုန်သွယ်မှု မြှင်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရ သည်။
” ဆန်လုပ်ငန်းရှင်တွေကို ခေါ်ယူ ဆွေးနွေးပြီးမှ အရေးယူမှုတွေ ဆောင် ရွက်သွားမယ်” ဟု ကုန်သွယ်မှု မြှင့်တင် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာ ဝင်းက ဆိုသည်။
ဆန်တစ်အိတ်၏ ပုံမှန်အလေး ချိန်မှာ ၁၀၈ ပေါင် (ကီလို ၅၀) ခန့် ရှိသော်လည်း ဆန်ရောင်းသူများ ဈေးကွက်ဝေစု လုရာမှ  တဖြည်းဖြည်း လျော့ကျလာရာ ယခုနှစ်တွင် ၈၈ ပေါင် (ကီလို ၄၀) ခန့်အထိ ကျဆင်းလာ ကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရသည်။