ပုလော ရှပ်အစိမ်းကင် ဈေးကွက် တွင်

0
487

ထားဝယ်ဒေသအတွင်း ပုလော မြို့နယ်မှ ထွက်ရှိသည့် ရှပ် (ခရု)  အစိမ်း ကင်စားသုံးမှု တွင်ကျယ်လာကြောင်း အရောင်းဆိုင်များထံမှ သိရသည်။


ယခင်က ယင်းအကင်ရောင်းသည့် ဆိုင် တစ်ဆိုင် နှစ်ဆိုင်သာရှိရာမှ ယခု အခါ ဆယ်ဂဏန်းအထိ ရှိလာပြီး မောင်း မကန်သို့ သွားရောက်သော လမ်းတစ် လျှောက်တွင်လည်း ရောင်းချမှုရှိလာ ကြောင်း သိရသည်။

palaw_shantkin
” ကျွန်တော်အရမ်းအံ့ဩတယ်။ ထားဝယ်က လူတွေတော်တော် ကြိုက် တယ်လို့ ထင်တယ်။ ဆိုင်တွေများလာ ပေမယ့် ဆိုင်တိုင်း ရောင်းသမျှ ကုန် တယ်ဗျ။ ထင်တောင်မထင် ထားဘူး” ဟု ထားဝယ်မြို့ ဂန့်ဂေါ်ပင် လမ်းဆုံတွင် ရှပ်အစိမ်းကင် လာရောက် ရောင်းချသည့် ပုလောမြို့မှ ကိုပီကင်းက ဆိုသည်။

 
ရှပ်အစိမ်းကင်များကို တစ်ချောင်း လျှင် ၁၀၀ ကျပ် နှုန်းဖြင့် ရောင်းချနေကြ ပြီး တစ်ရက်လျှင် အချောင်းရေ တစ်ထောင် ခန့် ရောင်းရကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ရှပ်အစိမ်းကင်များကို ပုလောမြို့မှ ရေခဲစိမ်ပြီး ယူဆောင်လာ ကာ ထားဝယ်မြို့ရောက်မှ မီးသွေးမီး ဖြင့်ကင်ကာ ရောင်းချကြောင်း ၎င်းတို့က ဆိုသည်။