တိုင်းဝန်ကြီးများ လွှတ်တော် အတွင်း လာလိမ်နေဟု အတိုက်အခံ အမတ်ဆို

0
448

တနင်္သာရီတိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်းများကို တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပကတိနှင့် ကွဲလွဲသည့်အခြေအနေကို လာလိမ်နေ ကြကြောင်း တိုင်းလွှတ်တော်၏ တစ်ဦး တည်းသော အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောကြား သည်။


လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းကို အစိုးရ အဖွဲ့ ဝင်ဝန်ကြီးများက ကွင်းဆင်း လေ့လာ ခြင်းမရှိဘဲ သက်ဆိုင်ရာဌာနများက တင်ပြသည့် စာရင်းဇယားများ၊ အချက် အလက်များဖြင့် လာရောက်ဖြေဆိုနေ ကြခြင်းမှာ လာရောက် လိမ်လည်နေသည့် သဘော သက်ရောက်နေကြာင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ရေဖြူ မဲဆန္ဒနယ်အမှတ် ၂ ၊ တိုင်း ဒေသကြီး ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။
” တကယ်ဆိုရင် လွှတ်တော် အစည်း အဝေးဆိုတာ တရားဝင်ဖြေတာလေ။ ဌာနဆိုင်ရာတွေက လွှတ်တော်ကို တရားဝင်လာလိမ်တာပဲ အဲဒါက။ လွှတ်တော်မေးခွန်းတွေကို တရားဝင် လိမ်လို့ နောက်ဒီလို မလိမ်အောင် တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင် ရာဌာနတွေကိုဆက်ပြီး ဘယ်လို လမ်း ညွှန်မလဲပေါ့။ တကယ်ဆိုရင် အစိုးရအဖွဲ့ က သိက္ခာကျတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။
ပထမအကြိမ် တနင်္သာရီတိုင်း ဒေသ ကြီး လွှတ်တော် ၁၃ကြိမ် မြောက် ပုံမှန် အစည်းအဝေးတွင် ရေဖြူမဲဆန္ဒနယ် အမှတ် ၂ မှ  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် ကိုယ် စားလှယ်များ မေးမြန်းသည့် မေးခွန်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးများ၏ ဖြေကြားချက်များသည် အောက်ခြေတွင်    ဖြစ်ပျက်နေသည့် ပကတိ အခြေအနေအမှန်နှင့် ကိုက်ညီမှုရှိစေရန် သက်ဆိုင်ရာဌာနများအား ကြီးကြပ် လမ်းညွှန်ရန် အစီအစဉ် ရှိ^မရှိ ဟူ၍ မေးမြန်းခဲ့သည်။
ယင်းသို့ မေးမြန်းရာတွင် ရေဖြူမြို့ နယ်အတွင်း မြေယာမှတ်ပုံတင် ပုံစံ ၇ ရရှိမှုအနေအထားကို ဥပမာပေးကာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ် တော် ပုံမှန်အစည်းအဝေးတွင် ရေဖြူ မြို့နယ်အတွင်း မြေယာမှတ်ပုံတင် ပုံစံ ၇ ပြုလုပ်ပေးရန်ကိစ္စနှင့် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးက ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သည် ဟု ဖြေကြားခဲ့သော်လည်း လက်တွေ့တွင် ပုံစံ-၇ မရသူများစွာ ရှိနေသေးသည့် အတွက် ယင်းသို့ မေးမြန်းရခြင်း ဖြစ် ကြောင်း ဦးထွန်းမြင့်က ဆိုသည်။
ယခုနှစ်တွင် စိုက်ပျိုးစရိတ် ချေး ငွေကို ပုံစံ ၇ ရှိမှသာ ထုတ်ချေးတော့ သည့်အတွက် ရေဖြူမြို့နယ်တွင် ပုံစံ ၇ မရှိ၍ ချေးငွေ မထုတ်ရသည့် တောင်သူ ထက်ဝက်ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင်လည်း ထားဝယ်ခရိုင်၊ မေတ္တာ မြို့နယ်ခွဲရှိ ဟိန္ဒား သတ္တုတွင်း ဆေးရုံ တွင် ဆေးဝါးကုသပေးနေသည်ဟု တိုင်း ဒေသကြီးအစိုးရအဖွဲ့က သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုးက ဖြေကြားခဲ့ သော်လည်း လက်တွေ့တွင် ဆေးရုံပိတ် ထားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
” ပကဓိအနေအထားကို မလေ့လာ ဘဲနဲ့ လာလာပြီး ဖြေကြတယ်။ တကယ် က ဝန်ကြီးတွေက ပကတိအခြေအနေကို သိရမယ်။ ဒါမှသာ မှန်မှန်ကန်ကန်ဖြေမှ သိက္ခာရှိမှာပေါ့။ ဟိန္ဒားသတ္တုတွင်း ဆေးရုံကိစ္စဆိုလည်း အစိုးရဘယ်လောက် သိက္ခာကျသလဲ။ ဒါမျိုးက မဖြစ်သင့်ဘူး လေ။ သူတို့အတွက် ပြောတာပါ။ နောင် လည်း ဌာနဆိုင်ရာတွေ ပြောသမျှသာ ဟုတ်မှန်းသိ မဟုတ်မှန်းသိ လာလာပြီး တော့ ဖြေနေမယ်ဆိုရင် လွှတ်တော်က ဘာ အဓိပ္ပါယ်ရှိတော့မှာလဲ” ဟု ဦးထွန်းမြင့် က ဆိုသည်။
ဦးထွန်းမြင့်၏ မေးခွန်းကို ဖြေကြား ခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့က စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာ ဝင်းအောင်ကမူ ယင်းကိစ္စမှာ နားလည်မှု လွဲခြင်းသာဖြစ်သည်ဟု တုံ့ပြန် ပြောဆိုသည်။
” ဒါက လျာထားချက်နဲ့ လုပ်တာ။ လျာထားချက်မှာ ရာနှုန်းနဲ့ ပြောတာမျိုး၊ အားလုံးအပေါ်မှာ ပြောတာမျိုး မဟုတ် ဘူး။ လျာထားချက်ဆိုတာက ဥပမာ လျာထားချက် ဘယ်လောက်လုပ်မယ်လို့ ပေးလိုက်တာ ရှိတယ်။ လျာထားချက် အပေါ်မှာ ပြီးတယ်လို့ ပြောတာ။ အားလုံး ပြီးတယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဝန်ကြီး ဒေါက်တာဝင်းအောင်က ပြော သည်။
မြေယာမှတ်ပုံတင် ပုံစံ ၇ မရသေးသူ ကျန်နေသေးသည်ဆိုသည်မှာ မှန်သော် လည်း တောင်သူထက်ဝက်သာ ရသေး သည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ပုံစံ ၇ ပြုလုပ်ရန် ကိုယ်တိုင်ကွင်းဆင်း စည်းရုံး နေကြောင်း ဝန်ကြီးက ဆိုသည်။
လွှတ်တော်အတွင်း မေးမြန်းသည့် လယ်ယာမြေမှတ်ပုံတင် ပုံစံ-၇ ကိစ္စမှာ ဥပမာအဖြစ်သာ မေးမြန်းထားခြင်းဖြစ်ပြီး အလားတူ ဖြစ်ရပ်များများစွာ ရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုသည်။
” မေးခွန်းမေးလိုက်ရင် ဌာနဆိုင်ရာ ပေးလိုက်တဲ့ စာရင်းအတိုင်း ဖြေနေကြ တယ်။ ဌာနဆိုတာက ဝန်ထမ်းမဟုတ် လား။ သူ့အပြစ်ကို သူကာမှာပဲ။ ဒါက ထုံးစံပဲ။ သူကဝန်ထမ်းလေ။ အလုပ် ထိခိုက်မှာ စိုးလို့ကာမှာပဲ။ သူတို့ ကာလား မကာလား အမှန်တိုင်းဖြစ်လားဆိုတာ ဆင်းကြည့်ကြပေါ့” ဟု ၎င်းက ပြောသည်။
ဝန်ကြီးများ၏ ဖြေကြားချက်များ က အောက်ခြေ ပကတိ အခြေအနေနှင့် ကွာဟနေခြင်းကြောင့် လွှတ်တော်သက် တမ်းတစ်လျှောက်တွင် အရာမရောက် သည့် မေးခွန်းများစွာ ကျန်ခဲ့သည်ဟု ၎င်းက ဆိုသည်။
လွှတ်တော်မှာ ရာနှုန်းပြည့် ပြီးပြည့် စုံသည်ဟု ဖြေကြားသည့်ကိစ္စမှာ လက် တွေ့တွင် ကွဲလွဲနေမှုကို လွှတ်တော် ကိုယ် စားလှယ် ဦးထွန်းမြင့်က ထောက်ပြ  ပြော ဆိုခြင်း ဖြစ်သည်ဟု သရက်ချောင်း မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးထွေးက ဆိုသည်။
” ကိုယ့်ဒေသမှာ ဘာတွေ လိုအပ်နေ တယ်ဆိုတာ မေးဖို့ထက် လက်ရှိအစိုးရ အဖွဲ့လုပ်ဆောင်လာတဲ့ အားနည်းချက် အားသာချက်တွေကို သုံးသပ်စေချင်လို့ မေးတဲ့ မေးခွန်းပါ။ နောက်ပိုင်း ဒီလို မေးခွန်းတွေပဲ ပေါ်လာဖို့များပါတယ်” ဟု ဦးစိုးထွေးက ဆိုသည်။
လွှတ်တော်အတွင်း ဝန်ကြီးများက လာလိမ်နေသည့် သဘောဖြစ်နေသည် ဆိုသည့်အပေါ် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးထင်အောင်ကျော်အား မေးမြန်း ရာ ၎င်းအနေဖြင့် မှတ်ချက် တစ်စုံတစ်ရာ မပေးလိုဟု ဖြေကြားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်များက တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စာ ဖြင့် ကြိုတင်မေးမြန်းရပြီး ယင်းမေးခွန်း ၏ အဖြေကို တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး များက လွှတ်တော်အတွင်း လာရောက် ဖတ်ပြလေ့ရှိသည်။
ဝန်ကြီးများ၏ အဖြေအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ထပ် ဆင့် မေးခွန်းမေးခွင့်ရှိသော်လည်း ထိုသို့ မေးသည့်အခါ အများအားဖြင့် စာပို့ဖြေ ကြားပါမည်ဟု ဝန်ကြီးများက ဖြေဆိုလေ့ ရှိသည်။