တနင်္သာရီတွင် ပြည်ပရောက် မဲဆန္ဒရှင် နှစ်ရာကျော်သာ မဲပေးရန် လျောက်ထား

0
671

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်ပရောက် မဲဆန္ဒရှင် ၂၀၀ ကျော်သာ ဆန္ဒမဲပေးရန် လျှောက်ထားကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

တနင်္သာရီတိုင်းမှ ပြည်ပသို့ တရား ဝင် ရောက်ရှိနေသူ ၈၀၀ ခန့်တွင် ပုံစံ ၁၅ ဖြင့် သံရုံးမှတဆင့် လျှောက်ထား လာသူ ၂၁၈ ဦးရှိကြောင်း အထက်ပါ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထိန် လင်းဦးက ပြောသည်။
” အဲဒါက တရားဝင်သွား နေတဲ့သူ တွေပါ။ တရားမဝင် သွားနေတဲ့သူက ဒေသရဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ ပါနေ မှာပါ” ဟု ဦးထိန်လင်းဦးက ဆိုသည်။
ထားဝယ်မြို့နယ်တွင် စက်တင် ဘာလကုန်အထိ စာရင်းများအရ နိုင်ငံ ပြင်ပရောက် မဲဆန္ဒရှင် ၁၀၂ ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

တရားမဝင် သွားရောက်နေသူများ အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ဒေသ တွင် ကပ်ထားသည့် မဲစာရင်းတွင် မပါ ဝင်ပါက သို့မဟုတ် မပါဝင်သည်ကို ပုံစံ ၃-က ဖြင့် လျှောက်ထားနိုင်ခြင်း မရှိပါ က မဲပေးခွင့် ဆုံးရှုံးကြမည်ဖြစ်သည်။
၂၀၁၃ခုနှစ်တွင် ကောက်ယူထား သည့် သန်းခေါင်စာရင်းအရ တနင်္သာရီ တိုင်းဒေသကြီးတွင် ပြည်ပ ရောက်ရှိနေသူ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။