ကိုယ်စားလှယ်လောင်းများကို မေးခွန်း ခြောက်ခုမေးပြီးမှ မဲပေးရန် မဘသ ဥပဒေပညာရှင်ပြော

0
446

ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများကို ပြည်သူအနေဖြင့် ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအဝင် မေးခွန်းခြောက်ခုမေးပြီး မှ မဲပေးကြရန် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့(ဗဟို)၏ ဥပဒေပညာရှင် ဦးအေးပိုင်က ပြောသည်။


ပုဒ်မ ၅၉(စ) ပြင်မပြင် မေးခွန်း အပြင် ကိုယ်စားလှယ်လောင်း၏ ကိုး ကွယ်ယုံကြည်မှု၊ မျိုးစောင့်ဥပဒေအပေါ် ထောက်ခံမှုရှိမရှိ၊ ဘင်္ဂလီများကို နိုင်ငံသား ဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိ မရှိနှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက် ရန် ကတိပေးမပေး စသည့်မေးခွန်း ခြောက် ခုကို ကိုယ်စားလှယ်လောင်းအား မေးပြီး မှ မဲပေးရန် ဦးအေးပိုင်က ပြောကြားသည်။
ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် တနင်္သာရီ တိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြို ဆိုပွဲ အခမ်းအနား မိန့်ခွန်းတွင် ပြောခဲ့ ခြင်း ဖြစ်သည်။
” လွှတ်တော်အမတ်ကြီး မင်း ၅၉(စ)ကို မပြင်ဖို့ သဘောတူပါသလား။ ပြင် မယ်ဆိုရင် မဲမပေးပါနဲ” ဟု ဦးအေးပိုင် က မိန့်ခွန်းတွင် မေးခွန်း ၆ ခုအနက် နံပါတ် ၅ မေးခွန်းကို ပြောကြားခဲ့သည်။
၎င်းအပြင် လွှတ်တော် ကိုယ်စား လှယ်က ဗုဒ္ဓဘာသာမဟုတ်ပါက မဲမ ပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံ ပါက မဲမပေးရန်၊ အမျိုးစောင့်ဥပဒေကို မစောင့်ရှောက်ပါက မဲမပေးရန်၊ ဘင်္ဂါ လီကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထား သည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်မည် ဆိုပါက မဲမပေးရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည်ဟု ကတိ မပေးနိုင်ပါက မဲမပေးရန် ၎င်းက ပြောသည်။
” လူတွေကို အသိဥာဏ်ပေးတဲ့ အခါ မှာ ကိုယ့်ကိုယ်ကို စဉ်းစားဖို့ပါပဲ။ ဘုန်းဘုန်းတို့ ကလည်း စဉ်းစားကြဖို့ပဲ ပြောတာပါ။ အမိန့်ပေးတာ မဟုတ် ပါဘူး၊ ကိုယ့်အသိဥာဏ်နဲ့ ပဲလုပ်ကြပါ” ဟု မဘသ ဗဟို ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သည့် နန်းဦး ဆရာတော်က ပြောသည်။
တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုး စောင့် ဥပဒေအောင်မြင်မှု အထိမ်း အမှတ် ဂုဏ်ပြုကြိုသည့်အနေဖြင့် စက်တင်ဘာ လ ၂၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် တနင်္သာရီ တစ်တိုင်းလုံးမှ သံဃာနှင့် လူထု အင်အား ၇သောင်းခွဲခန့် (မဘသ ၏ ခန့်မှန်းချက် လူဦးရေ)ဖြင့် ထား ဝယ် မြို့ ကျက်သရေဆောင် လောကမာရဇိန် ဘုရားကြီးမှ စတင်ထွက်ခွာကာ မြို့ အတွင်း လှည့်လည်၍ ရွှေဝယ် သီရိအား ကစားကွင်းသို့ ချီတက်ကာ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။
မည်သူမဆို လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန် သော်လည်းကောင်း ပြောဆို ခြင်း၊ ဟောပြောခြင်း၊ ကြေညာ ချက်ထုတ် ပြန်ခြင်း သို့မဟုတ် ယင်း သို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ် လုံးဖြစ်စေချမှတ်မည်ဟု လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ အခန်း ၁၃ တွင် ဖော်ပြထားသည်။