ယာဉ်တစ်စီး စည်းကမ်းပျက်က ယာဉ်လိုင်းအား ၇ ရက် ပိတ် ပြစ်ဒဏ် အောက်တိုဘာလကုန်စမည်

0
419

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်း ^ကျော် ပြေးဆွဲလျက်ရှိသည့် စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်တစ်စီး စည်း ကမ်းပျက်သည်နှင့် ယာဉ်လိုင်းအား ၇ရက် ပြေးဆွဲခွင့်ပိတ်သည့် ပြစ်ဒဏ်ကို လာမည့် အောက်တိုဘာလကုန်တွင် စတင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။


ကနဦးတွင် စည်းကမ်းဖောက်ဖျက် သည့် ယာဉ်လိုင်းများအား ချမှတ်မည့် ပြစ်မှုပြစ်ဒဏ်များကို ဆိုင်းဘုတ်များ ထောင်ကာ အသိပညာပေးသွားမည် ဖြစ်ပြီး အောက်တိုဘာလကုန်မှသာ စတင် အရေးယူမည်ဟု အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောသည်။စည်းကမ်းဖောက်ဖျက်သည့် ယာဉ် လိုင်းများကို မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်း များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက အရေးယူ မည်ဖြစ်ပြီး မော်တော်ယာဉ်ကိုမူ သက် ဆိုင်ရာ ဌာနများက အရေးယူမည်ဟု ဦးပိုသိန်းက ရှင်းပြသည်။

anty_win_express
ရန်ကုန် – ထားဝယ်ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များ

” တကယ် လုပ်စားမယ်ဆိုရင် လုပ် ငန်းလိုင်စင်ပြည့် လုပ်ထားဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

တိုင်း/ ကျော်လုပ်ငန်း လိုင်စင် သက်တမ်းမရှိသည့် ယာဉ်များဖြင့် ပြေးဆွဲသော ယာဉ်လိုးပြေးဆွဲခွင့်အား ၇ရက်ပိတ် ပြစ်ဒဏ် ခံရမည်ဖြစ်ပြီး၊ တိုင်း ^ ကျော် လုပ်ငန်းလိုင်စင် အမျိုး အစား မမှန်ဘဲ ပြေးဆွဲခြင်း၊ ခရီးစဉ် မမှန်ဘဲ ပြေးဆွဲခြင်း၊ ယာဉ်အသင်း မမှန်ဘဲ ပြေးဆွဲခြင်းပြုလုပ်လျှင် သတိ ပေး မှတ်တမ်းတင် ပြစ်ဒဏ် ၃ ကြိမ် ပြည့်ပါက ယာဉ်အသင်း ပြေးဆွဲ ခွင့် ၇ ရက်ပိတ်    ပြစ်ဒဏ်ချမှတ်မည်ဟု သိရ သည်။
ထို့အပြင် တိုင်းတွင်း  တနင်္သာရီ တိုင်းဒေသကြီး၏ လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲခြင်း၊ နယ်ဝင်ဆောင်ရွက်ခြင်း မပြုဘဲ ပြေးဆွဲခြင်း၊ ကိုယ်ပိုင်ယာဉ်ဖြင့် ပြေးဆွဲခြင်းပြုလုပ်လျှင်လည်း အထက် ပါအတိုင်း အရေးယူခံရမည်ဖြစ်သည်။
ယခင်က စည်းကမ်းဖောက်ဖျက် သည့်ယာဉ်များသာ ငွေဒဏ် ပေးဆောင် ရပြီး ယခုအခါ ယာဉ်များစည်းကမ်း ဖောက်ဖျက်လျှင် ခရီးသည်တင်ယာဉ် လိုင်းကိုပါ ပိတ်မည်ဟု အသိပေးလာ ကြောင်း ခရီးသည်တင်ယာဉ် အသင်း ပိုင်ရှင်များက ပြောသည်။
“ကျွန်တော်တို့ဘက်က အတတ် နိုင်ဆုံး စာရွက်စာတမ်းစုံအောင် ကြိုးစား ပေးရမယ်၊ ရေရှည်ဘယ်လိုရှိလာမယ် ဆိုတာကိုတော့ စောင့်ကြည့် ရမယ်”  ဟု ရွှေလီရတနာခရီးတင် ယာဉ်လိုင်းပိုင်ရှင် ဦးရန်နိုင်က မှတ်ချက်ပြုသည်။
ခရီးသည်တင်ယာဉ်များနှင့် ပတ် သက်သည့် စည်းကမ်းချက် အသစ် ထုတ်ပြီးစအချိန် ခဏတာမျှသာ ယင်း ကဲ့သို့တင်းကြပ်လေ့ရှိပြီး နောက်ပိုင်း တွင် ပုံမှန်အတိုင်း ကိုင်တွယ်မှု အား နည်းလေ့ရှိသည်ဟု ခရီးသည် တင်ယာဉ် လိုင်းအသိုင်းအဝိုင်းက ဝေဖန်သည်။