မူးယစ်ဆေးသုံးစွဲသည်ဟု သံသယရှိ လူငယ်များအား မဖမ်းဘဲ ခေါ်ယူ အသိပညာပေး

0
650

မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု ယူဆရသည့် လူငယ်များအား မဖမ်းဆီး ဘဲ ခေါ်ယူ အသိပညာပေးသည့် အစီ အစဉ်ကို ထားဝယ်တွင် စက်တင်ဘာလ လယ်မှ စတင်လုပ်ဆောင်နေကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရသည်။


စက်တင်ဘာလအတွင်း မူးယစ် ဆေးဝါးအမှု ၆ မှုဖြင့် ဖမ်းဆီးခံရသူ ၁၄ ဦးအနက် ၁၂ ဦးမှာ အသက် ၂၀ အောက်လူငယ်များ ဖြစ်နေကြောင်း သိရ သည်။ အဆိုပါ လူငယ်များအနက်မှ ၁၀ ဦးသည် မူးယစ်ဆေးဝါးများစွာကို လက်ဝယ်တွေ့ရှိကာ အဖမ်းခံရသူများ မဟုတ်ဘဲ သုံးစွဲရန် လက်ဝယ်ထားသည့် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးခံ ရသူများဖြစ်သည်ဟု ယင်းရဲစခန်းမှ သိရသည်။
မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးမိသည့် လူငယ်နှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲ သည်ဟု သံသရရှိသည့် သူငယ်ချင်း များ၊ ဆက်စပ်သူများကို ရဲစခန်းသို့ ခေါ်ပြီး အသိပေးဆွေးနွေးသည့် ယင်း အစီအစဉ် စတင်ချိန်မှ စက်တင်ဘာလ နောက်ဆုံး အပတ်အထိ လူငယ် ၂၀ဦး ခန့် ယင်းသို့ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
” စခန်းကို ရောက်လာတဲ့လူငယ် တွေကို ဖမ်းမှာ မဟုတ်ဘူးဆိုတာ ပြောပြတယ်၊ ရဲနဲ့ တရားခံ တွေ့သလို မဟုတ်ဘဲ၊ လူနာနဲ့ဆရာဝန် တွေ့သလို ဆွေးနွေးတယ်” ဟု ဒုရဲမှူး မျိုးမြင့်ဦးက ဆိုသည်။သို့သော် ယခုအစီအစဉ်သည် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိ သူများအတွက်သာဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေး များနှင့်အတူ တွေ့ရှိပါက ဖမ်းဆီးမည်ဟု သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲ သည်ဟု သံသယရှိလူငယ်များကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်၊ မူးယစ် ဆေးသုံး စွဲ၍ ဆီးစစ်ဆေးတွေ့ရှိလျှင် ချမှတ်မည့်ပြစ်ဒဏ်များကို အသိပေးရှင်းလင်းပြီး ယင်းလူငယ်၏ မိသားစုများကို စောင့်ကြည့် ထိန်းသိမ်းရန်အပ်နှံသည်ဟု အထက်ပါစခန်းမှူးထံမှ သိရသည်။
” ရဲတပ်ဖွဲ့က ဆေးသုံးစွဲသူ လူ ငယ်တွေ ယုံကြည်လက်ခံနိုင်အောင် ပြောဖို့၊ ဂုဏ်သိက္ခာအတွက် တာဝန်ယူ ပေးဖို့လိုပြီးတော့ အသိပညာပေး တာကို ဆက်တိုက်ပြုလုပ်ဖို့ လိုတယ်၊ ဆေးသုံးစွဲသူနဲ့ မိဘတွေကို မကြာခဏထိ တွေ့နေဖို့လိုတယ်” ဟု ဘုမ္မော်ရပ်ကွက်မှ ဦးစိုးမိုးနိုင်က မှတ်ချက် သည်။
ဆေးစွဲပြီး ဖြတ်ရန် လိုအပ်လျှင်လည်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ သက် ဆိုင်ရာ စိတ်ရောဂါကု မူးယစ်ဆေးဖြတ် ဆရာဝန်ထံအပ်နှံကာ ဆေးဖြတ်နိုင်ရန် အုပ်ထိန်းသူနှင့် ဆွေးနွေးပညာပေးကြောင်း ပြောသည်။
မူးယစ်ဆေးစွဲသူကို မိဘ၊ ဆရာ ဝန်၊ ပတ်ဝန်းကျင် သုံးဦး သုံးဖလှယ် ညှိနှိုင်းပြီး ပြုပြင်ရန်လိုကြောင်း ဦးစိုးမိုး နိုင်က ပြောသည်။
မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ်များအား ဆက်လက်၍  ဖမ်းမိ နေလျှင် လူငယ်အများစုမှာ ထောင်အတွင်း ရောက်သွားနိုင်၍ ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ယင်းသို့ မူးယစ်ဆေး မသုံးစွဲအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ပြောသည်။
ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်နှင့် ဘုမ္မော်ရပ်ကွက်၊ ကျန်းမာရေးလမ်းတို့၌ ညဘက်လမ်းပေါ်၌ အပေါင်းအသင်း များနှင့် သွားလာချိန် တွင် မူးယစ်ဆေးဝါး သုံးစွဲသည်ဟုသိရပြီး လက်ရှိ အချိန် တွင် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်ရှိလူငယ်များကို ဦးတည်ကာ အသိပေးဆွေးနွေးနေကြောင်း သိရသည်။
ထားဝယ်မြို့မရဲစခန်းမှ ယခုနှစ်အစမှ စက်တင်ဘာလအထိ မူယစ်ဆေး ဝါးအမှု ၂၁မှုဖြင့်  ၄၀ဦးကျော် ဖမ်းဆီး ရမိသည့်အနက်မှ လူငယ်၂၂ဦးကို ဖမ်းမိခဲ့သည်ဟု ယင်းရဲစခန်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။