ကံပေါက်သတ္တုမိုင်း ရေဆိုးသို လှောင်ကန်ပေါက် နေအိမ် ၁၀ ကျော် ပျက်စီး၊ ကလေး ၁ ဦးသေဆုံး

0
437

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် အကြီးစား သတ္တု တူးဖော်လျက်ရှိသည့်  Delco သတ္တု မိုင်းမှ သတ္တုသန့်စင်ပြီးသော ရေဆိုး သိုလှောင်ကန် စက်တင်ဘာလ ၂၃ ရက် နေ့ည ၇နာရီခွဲခန့်တွင် ပေါက်ကျခဲ့၍ နေအိမ် ၁၀ ကျော် ပျက်စီးပြီး ကလေး တစ်ဦးသေဆုံးခဲ့ကြောင်း ကံပေါက် ကယ် ဆယ်ရေးစခန်းက သတင်း ထုတ်ပြန်သည်။


ရေဆိုးသိုလှောင်ကန်ပေါက်ခြင်း ကြောင့် နေအိမ် ၁၄ အိမ်ရေမျော၊ ၂ အိမ် ပြိုကျ၊ ၄ အိမ် ပျက်စီးခဲ့ကြောင်း သိရ သည်။
ထို့အပြင် ယင်းကန်၏ အောက် ဘက်ရှိ မြသီတာရပ်ကွက်၊ ခိုင်သဇင်ရပ် ကွက်၊ မဂ္ဂင်ရပ်ကွက်တို့မှ ရဲရင်းချောင်း တလျှောက်ရှိ အိမ်ခြေ ၄၈အိမ်နှင့် လူဦးရေ ၂၉၇ ဦး ရေဘေးသင့်ခဲ့ကြောင်း ယင်းကယ်ဆယ် ရေးစခန်းမှ စက်တင် ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၂နာရီ အချိန်၌ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

kanpaunt_delco
Delco ကုမ္ပဏီ၏ သတ္တုထုတ် လုပ်သည့် ဧရိယာအတွင်းမှ အလျား ၅၀၀ ပေခန့်၊ အနံ ၃၀၀ ပေခန့်ရှိ ရေဆိုး သိုလှောင်သည့် ကန်မှ ပေ ၅၀ ခန့် ပေါက်ကျခြင်း ဖြစ်သည်။ထို့အပြင် ယင်းအောက်ရှိ အလျား ၅၀၀ပေခန့်၊ အနံ ၅၀၀ပေခန့်ရှိ ရေ ကြည်ကန်တို့မှ ပေ ၁၀၀ခန့် ရေများ ပေါက်ကျပြီး အရှိန်ဖြင့် ရဲရင်းချောင်း အတွင်း စီးဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ကံပေါက်နယ်မြေ ရဲစခန်းမှတ်တမ်း၌ ရေးသားထားသည်။
” တဝုန်းဝုန်း မိုးရွာသံလိုကြားရပြီး ရေထိုးဆင်းလာလို့ လူတောင် မနည်း ရုန်းပြီး ထွက်ပြေးရတယ်” ဟု ယင်းရေ ကန်အနီးနေထိုင်သူ ဦးသန်းဦးက ဆို သည်။ယင်းရေကန်ပေါက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၃ဦးကို ကံပေါက် ဆေးရုံသို့ တင်ပို့ခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ကံပေါက် ဒေသခံများက ပြောသည်။
အဆိုပါ ရေကန်ပေါက်သည့် အချိန်တွင် Delco သတ္တုမိုင်း လုပ်ငန်း ခွင်မှ စက် ယန္တရားများက ဆက်လက် လည်ပတ်လျက်ရှိ၍ ကံပေါက်ရွာခံများ က လမ်းပေါ်ထွက် လာကြပြီး စက် လည် ပတ်မှု ရပ်ပေးရန်နှင့် သတ္တုမိုင်း ကုမ္ပဏီမှ တာဝန်ရှိသူကို အရေးယူပေး ရန် တောင်း ဆိုခဲ့ကြောင်း ကံပေါက်ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် ကုမ္ပဏီမှတာဝန်ရှိ သူနှစ်ဦးကို ခေါ်ယူကာ ထိန်းသိမ်း ထားပြီး တနင်္သာရီတိုင်းဒေသကြီး အစိုး ရအဖွဲ့မှ ဖွဲ့စည်းပေးမည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း ကံပေါက်နယ်မြေ ရဲစခန်း ထံမှ သိရသည်။
ကလေးတစ်ဦး သေဆုံးမှုအား သေမှု သေခင်း အမှတ် ၄/၂၀၁၅ဖြင့် အမှုဖွင့်ထား သည်ဟု ယင်းရဲစခန်းထံမှ သိရသည်။
ယင်းရေကန်ပေါက်ခြင်းကြောင့် လူနေအိမ်များနှင့် နှစ်ရှည်အပင်များ ထိခိုက်ပျက်စီးခဲ့၍ ရဲရင်းချောင်း တစ် လျှောက်နေထိုင်သူများက    နောက်တစ် ကြိမ် ထပ်မံ ရေကန်ပေါက်ကျလာမည်ကို စိုးရိမ်လျက်ရှိကြောင်း ကံပေါက်ကျေးရွာ ဗောဓိမာန်အောင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းဖွင့်လှစ်ထားသော ကယ် ဆယ် ရေးစခန်းမှ ရေဘေးသင့်သူများက ပြောဆိုသည်။
ကံပေါက် သတ္တုတူးဖော်ရေးစီမံ ကိန်းကို အမှတ်(၂) သတ္တုတွင်း လုပ် ငန်းနှင့်  Delco ကုမ္ပဏီတို့မှ ၂၀၁၀ ခုနှစ်မှ ၂၀၂၀ခုနှစ် အထိ မြေဧက ၂၀၈၇ ဧကတွင် အကျိုးတူလုပ်ကိုင်လျက် ရှိ သည်။