ထိုင်းဘုရင့်သမီး သီရိဒုံ ထားဝယ်၊ မြိတ်လာမည်

0
591

ထိုင်းဘုရင့်သမီးတော် မဟာချက် ကရီသီရိဒုံ ထားဝယ်နှင် မြိတ်မြို့များသို့ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် လာရောက်မည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြိတ် မြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းထံမှ သိရသည်။


အောက်တိုဘာလ ၃ ရက်နေ့တွင် ထားဝယ်သို့ လာရောက် မည်ဖြစ်ပြီး ၄ ရက်နေ့တွင် မြိတ်သို့သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
သီရိဒုံက ထားဝယ်မြို့သို့ လာရောက် ချိန်တွင် ထားဝယ်ရေနက် ဆိပ်ကမ်းသို့  သွားရောက်မည်ဖြစ်ပြီး ထားဝယ်မြို့တွင် ထိုင်းနိုင်ငံသားများ တည်ထားသော ဆင်ဆိပ်ရပ်ကွက်ရှိ ဩရဂဠုံဘုရားနှင့် ခုံဝင်း ဒပ်ရပ်ကွက်ရှိ ဘုရားရှစ်မြောက် စေတီအား ဖူးမျှော်မည်ဖြစ်ကြောင်း ယင်း ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်းအသံမတ် ပြောဆိုချက်ကို ကိုးကား၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန်းဆွေက ပြောသည်။

sirindhorn
” ထားဝယ်မြို့ကို အောက်တိုဘာလ ၃ ရက်နေ့မှာ လာမယ်၊ အောက်တိုဘာလ ၅ရက်နေ့တွင် နေပြည်တော်ကိုလာမယ်၊    နေပြည်တော် မှာ အမျိုးသားယဉ်ကျေးမှုပြတိုက်ကိုကြည့်မယ်၊    အောက်တိုဘာလ ၆ ရက်နေ့မှာ ဘန်ကောက်ကိုပြန်မယ်” ဟု ဦးသန်းဆွေက ဆိုသည်။
ထားဝယ်မြို့သို့ သီရိဒုံလာရောက် သည့်ခရီးစဉ်အတွင်း ထားဝယ် မြို့ရှိ လောကမာရဇိန်ဘုရားကြီးကိုလာရောက် ဖူးမျှော်မည်ဟု ဘုရားကြီး ဂေါပကနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရ သည်။
မြိတ်ခရီးစဉ်တွင် တောကျောင်း၊ အရှေ့သိမ်ကျောင်းနှင့် သိမ်တော် ကြီး ဘုရားတို့ကို သွားရောက်မည်ဖြစ်ပြီး နေ့ချင်းပြန်ခရီးစဉ်ဖြစ်ကြောင်း မြိတ် မြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဩရဂဠုံနှင့် သာဂရတို့ကို ထိုင်းနှင့် မြန်မာ အပြန်အလှန်တိုက်ခိုက် သိမ်းပိုက် ကြပြီး  ထိုင်းတို့အုပ်ချုပ်စဉ် ယခုဆင်ဆိပ် ရပ်ကွက်ရှိ ဩရဂဠုံ ဘုရားနှင့် သာဂရ မြို့ဟောင်းရှိ ဘုရားရှစ်မြောက်စေတီ တို့ကို ထိုင်းနိုင်ငံသားများက တည် ထောင်ခဲ့သည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။
ယခင်က ဩရဂဠုံဘုရားမှာ တော တောင်ထူထပ်သည့်နေရာ၌ရှိ၍ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်ရှိ ဂန့်ဂေါ် ပန်ဇင်ကျောင်းတိုက် ဆရာတော်မှ ဩရ ဂဠုံ စေတီအား ယင်းဘုန်းတော်ကြီး ကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ပူဇော် ခံခဲ့သည်ဟု သိရသည်။
မင်းနဲလှ ထားဝယ်မြို့တည်စဉ် သာဂရမြို့မှပုံစံအတိုင်း ရပ်ကွက်များနှင့် စေတီ၊ ပုထိုးများကိုတည်ထောင်စဉ်           သာဂရရှိမူလဘုရားရှစ်မြှောက်ပုံစံ အတိုင်း ထားဝယ်မြို့ ခုံဝင်းဒပ် ရပ်ကွက် တွင် တည်ထားခဲ့သည်။
သာဂရမြို့ဟောင်း၊ ဆင်ပုနစ်ရပ်ကွက်ရှိဘုရားရှစ်မြောက်စေတီမှာ နှစ် ကြာလာသောအခါ ပျက်စီးလျက်ရှိ၍ ရခိုင်ဆရာတော်က ပြန်လည်တည် ဆောက်ရာ မူလစေတီကဲ့သို့ မတည် ဆောက်တော့ဘဲကုန်းဘောင်ခေတ်လက် ရာစေတီကို တည်ခဲ့သည်။
ထိုင်းနိုင်ငံသားများက သာဂရကို တိုက်ခိုက်သိမ်းပိုက်ပြီး ဩရဂဠုံရှိသောညောင်ရမ်းမြို့(ယခုဆင်ဆိပ်ရပ်ကွက် နှင့် ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်)ကို တည်ဆောက်သကဲ့သို့တနင်္သာရီမြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုင်းဘုရင့်သမီးသီရိဒုံသည် ၁၉၈၆ခုနှစ်က ပထမဆုံး မြန်မာပြည် ခရီးစဉ်၊ ၁၉၉၄ခုနှစ်တွင် ဒုတိယခရီးစဉ် ဖြင့် ထိုင်း- မြန်မာနယ်စပ်ကိုဖြတ်ကျော် ၍ကျိုင်းတုံ-တာချီလိတ်ရှိဒေသခံ ပြည် သူများ၏ လူမှုရေးယဉ်ကျေးမှုများကို ၂ ရက်ကြာလေ့လာရေး ခရီးစဉ်၊ ၂၀၁၃ ခုနှစ်တွင် ပဲခူး၊မန္တလေး၊ မူဆယ်၊ ကချင် ပြည်နယ်ပူတာ အိုမြို့နှင့်ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့ ၅ရက်ကြာ တတိယအကြိမ် ခရီးစဉ်တို့ကိုလာရောက် ခဲ့သည်ဟု ဧရာဝတီ သတင်းဌာနတွင် ဖော်ပြသည်။
ယင်းနောက်စတုတ္ထအကြိမ်အဖြစ် ၂၀၁၀ခုနှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံရစဉ် တော်ဝင်မိသားစု၏ လှူဒါန်းမှုကိုလာ ရောက်လှူဒါန်းခဲ့ပြီး ရွှေတိဂုံစေတီတော် ကြီးနှင့် ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
သီရိဒုံသည် ၁၉၇၆ ခုနှစ်၌ ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ်မှ သမိုင်းအထူးပြုဘာသာဖြင့် ဝိဇ္ဇာဘွဲ့၊ ၁၉၇၈ ခုနှစ်တွင် ဆီလ်ပါကွန်တက္ကသိုလ် မှအရှေ့တိုင်းဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့၊ ၁၉၈၇ ခုနှစ်တွင်သရီနာ ခါရင်ဝီရော့တ် တက္ကသိုလ်မှ ပညာရေးဖွံဖြိုးမှုဖြင့်ဒေါက် တာဘွဲ့တို့ကို ရရှိခဲ့သည်။
မင်းသမီးမဟာချက်ကရီသီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီလ ၂ ရက်တွင် မွေးဖွား ခဲ့ပြီး မွေးချင်းများတွင်တတိယမြောက်သမီးဖြစ်ကြောင်း အထက်ပါသတင်းဌာန တွင် ဖော်ပြသည်။