ယာဉ်အချို့ ရေးမြို့အနီး သေနတ်ပစ်ခံရမှု ငါးရက်ကြာအထိ လက်သည် မပေါ်

0
567

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာ လာသည့် ခရီးသည်တင်ယာဉ်အချို့ ရေးမြို့နှင့် လမိုင်း (မြို့နယ်ခွဲ) အကြား တွင် စက်တင်ဘာလ ၁၄ ရက် နေ့ညပိုင်း က သေနတ်ဖြင့် အပစ်ခံခဲ့သည့်အမှုမှာ ငါးရက်ကြာသည်အထိ လက်သည်မပေါ် သေးပေ။

သေနတ်ပစ်သူတစ်ဦးတည်းက ကျူးလွန်သည်ဟု ခန့်မှန်းထားသော ယင်းအမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထံမှ မည်သည့် သတင်းစကားမျှ မကြား ရသေးပေ။
ရန်ကုန်မြို့မှ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ထွက်ခွာလာ သည့် ရန်ကုန်-ထားဝယ် ခရီးသည် တင်ကား ၄ စီး၊ ကုန်တင်ကားတစ်စီးနှင့် ဂျစ်ကားတစ်စီး ရေးမြို့နယ် နှင်းစို ကျေးရွာ အနီးတွင် ည ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင် တွင် သေနတ်ဖြင့် ဆက်တိုက် အပစ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ ရသော ယာဉ်မောင်းအချို့က ပြောသည်။
lucky_star_dawei
” လူတစ်ယောက်ထွက်လာပြီး သေနတ်နဲ့ ဇွတ်ပစ်တာ။ ပါးစပ်ကလည်း အော်တယ် ကားသမားဆင်း၊ ကားသမား ဆင်းဆိုပြီးတော့။ သူက ဒီလောက်ပစ်နေ တာ ဘယ်ဆင်းရဲပါ့မလဲ” ဟု ပထမဆုံး အပစ်ခံခဲ့ရသည့် ခရီးသည်တင်ယာဉ် မောင်းက ပြောသည်။
ယင်းသေနတ်ကိုင်သူက ကားကို သေနတ်ဖြင့် အချက်ပေါင်း ၃၀ ခန့် ပစ်ခဲ့ပြီး ၎င်းကျည်ကုန်သွားသည်ဟု ယူဆမိသည့် အချိန်တွင် ကားဖြင့် တိုက် ၍ မောင်းပြေးလာခဲ့သည်ဟု ၎င်းက ဆို သည်။

” ကားယာဉ်မောင်းခန်းကိုပဲ ဆက် တိုက်ပစ်နေတာ။ စပစ်တော့ ကားကို ရပ်လိုက်တယ်။ သူက ဘယ်ဘက်က ပစ်လိုက်ညာဘက်က ပစ်လိုက်ဆက် တိုက်ပဲ။ မိနစ် ၃၀လောက်ကို ကြာမယ် ထင်တယ် ကားရပ်ထားရတာ။ သူကိုင် တဲ့ လက်နက် AK 47 သူ့ကို ရှင်းရှင်း လင်းလင်း တွေ့လိုက်ရတယ်။ အသက် က ၄၀ ဝန်းကျင်လောက်ရှိမယ်” ဟု အထက်ပါ ယာဉ်မောင်းက ထပ်ပြောသည်။

လက်နက်ကိုင်ဆောင်သူ တစ်ဦး တည်းဟု ဆိုသော်လည်း အမှောင်ထု ထဲဖြစ်၍ နောက်ထပ်လူ ပါမပါကို သေချာ မပြောနိုင်ဟု သေနတ်ပစ်နေသည်ကို မရပ်ပေးဘဲ မောင်းပြေးလာသည့် ခရီး သည်တင်ယာဉ်မောင်းတစ်ဦးက ဆို သည်။

ATW ၊ ရွှေပုလဲသီ ခရီးသည်တင် အဝေးပြေးယာဉ်များနှင့် ၁၂ဘီး ကုန်တင် ကားတို့ အပစ်ခံခဲ့ရပြီးနောက်တွင် အောင်ရတနာနှင့် ကောင်းသစ်စံ ကားနှစ် စီးက အပစ်မခံရဘဲ လွတ်လာခဲ့ကာ နောက် ထပ်ရောက်လာသည့် အောင်ရတနာ၊ Lucky Star ခရီးသည် တင်ယာဉ်များနှင့် ဂျစ်ကားတစ်စီး ထပ်ပစ်ခံခဲ့ရသည်ဟု အပစ်ခံ ခဲ့ရသည့် ယာဉ်မောင်းတချို့ထံမှ သိရသည်။

Lucky Star မှန်လုံယာဉ်၏ ယာဉ် မောင်းမျက်နှာတွင် သေနတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ခရီးသည် လင်မယား နှစ်ဦး မှန်ကွဲစရှသည့် ဒဏ်ရာရရှိခဲ့ကာ ရွှေပုလဲသီယာဉ်မှ ယာဉ်နောက်လိုက်၏ပေါင်တွင်လည်း သေနတ်ထိမှန်ခဲ့သည်ဟု ယာဉ်မောင်း အချို့နှင့် ရေးမြို့နယ် လူမှု အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

အခြား ခရီးသည်များမှာမူ တစ်စုံ တစ်ရာ ဒဏ်ရာမရကြောင်း ယင်းယာဉ် မောင်းများထံမှ သိရသည်။
နောက်ဆုံးအပစ်ခံရသည့် Lucky Star မှန်လုံကားမှာ ယာဉ်မောင်းမျက်စိ နှင့် ကပ်လျက်အောက် ဘက်တွင် ကျည်ဆံ ထိမှန်ခဲ့သဖြင့် ကားရပ်နားကာ ခရီးသည် များအောက်ဆင်း ပေးခဲ့ရသည်ဟု ယင်း ယာဉ်လိုင်းထံမှ သိရသည်။

” သူ့နာမည်ကိုတောင် အော်သွား သေးတယ်။ လက်မရွံ့ဖိုးထောင်တဲ့” ဟု Lucky Star မှန်လုံတွင် လိုက်ပါလာ သည့် ခရီးသည်တစ်ဦးက ပြောသည်။
သေနတ်မှန်ခဲ့သည့် Lucky Star ယာဉ်မောင်းသေဆုံးကြောင်း စက်တင် ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းကတည်းက သတင်းထွက်ပေါ်နေသော်လည်း Lucky Star ထားဝယ်ဂိတ်ကမူ သေဆုံးခြင်းမရှိ ဘဲရန်ကုန်သို့ ပို့ဆောင်နေဆဲသာဖြစ် ကြောင်း နေ့လည် ၂ နာရီခွဲတွင် အတည် ပြု ပြောကြားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ထားဝယ်မှ ရန်ကုန် မောင်းနှင်သည့် ခရီးသည်တင်ယာဉ် တစ်စီး ဓားပြအတိုက်ခံ ခဲ့ရပြီး အခင်း ဖြစ်နေရာသို့ ရောက်ရှိလာသည့် KNU/KNLA က အရာရှိတစ်ဦးနှင့် တပ်သား တစ်ဦး သေဆုံးခဲ့သည်။