ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်ရာ မြို့ နယ်အလိုက် မဲဆွယ်စည်းရုံးခွင့် လျှောက်ထားရမည်

0
509

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်သည့် မြို့နယ်အလိုက် အမြင့်ဆုံး ကော်မရှင်အဖွဲ့ခွဲတွင် ကိုယ်စားလှယ် လောင်း မဲဆွယ်စည်းရုံးခွင့်လျှောက် ထားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲထံမှ သိရသည်။


တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်သည့် မြို့နယ် တွင် တိုင်းကော်မရှင် အဖွဲ့ခွဲသို့ လည်း ကောင်း၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက် ရာ မြို့နယ်များတွင် ခရိုင် ကော်မရှင် အဖွဲ့ခွဲသို့လည်းကောင်း၊ မြို့ နယ်ကော် မရှင် အဖွဲ့ခွဲသာရှိသည့် မြို့နယ်များတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ လည်း ကောင်း ကိုယ်စားလှယ်လောင်းမဲဆွယ် စည်းရုံးခွင့်ကို လျှောက်ထားရမည် ဖြစ် ကြောင်း ယင်းရုံးထံမှ သိရသည်။
“လျှောက်ထားတဲ့ နေရာမှာလည်း လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် သူ့ရဲ့ရွေးကောက်ပွဲ ကိုယ်စား လှယ်ကပဲ  လျှောက်ခွင့်ရှိတယ်” ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။
ထားဝယ်မြို့နယ်မှ ကိုယ်စားလှယ် လောင်းများက တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လည်းကောင်း၊ မြိတ်မြို့နယ် ကိုယ်စား လှယ်လောင်းများက မြိတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲတွင် လည်းကောင်း၊ ကော့သောင်း မြို့နယ် ကိုယ်စား လှယ်လောင်း များက ကော့သောင်းခရိုင် ကော်မရှင်အဖွဲ့တွင် လည်းကောင်း၊ ကျန်မြို့နယ်များက သက်ဆိုင်ရာ မြို့နယ်ကော် မရှင်အဖွဲ့ ခွဲများတွင်လည်းကောင်း လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။