ထားဝယ်တွင် ကြော်ငြာဗီနိုင်းများကို စည်ပင် ဖြုတ်သိမ်း

0
486

ထားဝယ်မြို့ သာယာလှပရေး အတွက် လမ်းနံဘေးတစ်လျှောက်တွင် ကပ်ထားသည့် စီးပွားရေးကြော်ငြာ ဆိုင်း ဘုတ်များကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ လိုက်လံ ဖြုတ်သိမ်းလျက်ရှိကြောင်း ယင်းအဖွဲ့ထံက သိရသည်။


မြို့ပေါ် လမ်းနံဘေးတစ်လျှောက် နေအိမ်ခြံစည်းရိုးများ၊ ဓာတ်မီးတိုင်များ၊ လမ်းဆုံလမ်းခွများတွင် စည်ပင်သာယာ ရေးအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ ကပ်ထား သည့် ကြော်ငြာများ အထူးသဖြင့် ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု ဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူး ဆိုင်းဘုတ် များကို ထားဝယ်စည်ပင်သာယာရေး အဖွဲ့မှ လိုက်လံဖြုတ်သိမ်းနေခြင်းဖြစ် ကြောင်း ယင်းအဖွဲ့က အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။

sipin_dawei
” ကုမ္ပဏီက တာဝန်ရှိတဲ့သူတွေနဲ့ လည်း တွေ့ပြီးပါပြီ။ သူတို့ကို ကပ် ထား တာတွေ ပြန်ဖြုတ်ပေးဖို့ ပြောထား တယ်။ သူတို့ မဖြုတ်သေးတာတွေကို စည်ပင်က လိုက်ဖြုတ်နေတာ” ဟု ဦးအောင်ကျော်မျိုး က ဆိုသည်။
ထားဝယ်မြို့တွင် တယ်လီနောနှင့် အော်ရီဒူး ဖုန်းကတ်ကြော်ငြာများကို နေရာ အနှံတွင် အပြိုင်အဆိုင် ကပ်လာကြခြင်း ကြောင့် တိုင်းဒေသကြီး မြို့တော်ဖြစ် သည့် ထားဝယ်မြို့ သာယာလှပရေးကို ထိခိုက်စေခြင်းကြောင်း ယင်းသို့ ပြန်ဖြုတ် သိမ်း ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
” စည်ပင်က မနက်က အမှိုက်ကား နဲ့ လာဖြုတ်သွားတယ်။ တယ်လီနော ဗီနိုင်းတွေ လာကပ်တဲ့အချိန်တုန်းက ခြံစည်းရိုးမှာ ကပ်ဖို့ခွင့်တောင်းလို့ ကပ်ခိုင်း လိုက်တယ်” ဟု ဆန်းချီလမ်းဆုံမှ အီလက် ထရောနစ် ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။
ယင်းကြော်ငြာဗီနိုင်းများနှင့် ပက် သက်၍ နေအိမ်ခြံစည်းရိုးများတွင် ပိုင်ရှင် ၏ ခွင့်ပြုချက်မယူဘဲ ကပ်ထား သူများ ရှိသည်ဟုဆိုကာ ဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခု၏ ဗီနိုင်းကပ်ခြင်းအပေါ် မြို့ခံအချို့ ကြား ဝေဖန်မှုများလည်း ထွက်ပေါ်နေ သည်။
စီးပွားရေးလုပ်ငန်းများ ကြော်ငြာ မည်ဆိုပါက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံတွင် ၎င်းတို့ ကပ်လိုသည့် နေရာ ကို အဆိုပြု၍ ခွင့်ပြုချက် တောင်းခံနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့က နေရာကို စိစစ် ခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။