ထားဝယ်တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေး အဆင့်အတန်း ရရှိရေး ဦးစားပေး မည်ဟု ထားဝယ်ပါတီကတိပြု

0
432

ထားဝယ် တိုင်းရင်းသားများ ပါတီ က ရွေးကောက်ပွဲအလွန်တွင် လုပ်ဆောင် မည့် ကတိကဝတ်များကို စက်တင်ဘာလ ၁၁ရက်နေ့က ထုတ်ပြန် ရာတွင် ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိ သော နိုင်ငံရေးသိက္ခာ၊ အဆင့်အတန်း ရရှိရေး ဦးစားပေးလုပ်ဆောင် မည်ဟု ကတိပြုလိုက်သည်။

ထားဝယ် တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော နိုင်ငံရေး ဂုဏ် သိက္ခာ၊ အဆင့်အတန်းရရှိရေး၊ ကောင်းမွန်သန့် ရှင်း၍ ထိရောက်သော တိုင်းဒေသကြီး အစိုးရဖြစ်ရေးနှင့် ဒေသထွက်ကုန် အခြေပြု လူမှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရန် ရေခံမြေခံများဖွံ့ဖြိုးရေးစသည့် ပင်မ ကတိကဝတ် ၃ ရပ်ကို ကြေညာစာတမ်း တွင် ထုတ်ပြန် ထားသည်။ထားဝယ်ပါတီမှ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အခြေခံအဆောက်အဦ၊ ဆန်စပါး ထုတ် လုပ်မှုဖွံ့ဖြိုးရေး၊ ရေလုပ်ငန်းကဏ္ဍ၊ ရော်ဘာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး တန်ဖိုးမြင့် ပစ္စည်းထုတ် လုပ်နိုင်ရေး၊ စည်ပင်သာယာရေး စသည် တို့အပါအဝင် ကဏ္ဍ ၁၂ ခုနှင့် ပတ်သက် ပြီး လုပ်ကိုင်မည်များကို ကတိပြုထား သည်။

ထားဝယ် တိုင်းရင်းသားများ ပါတီ က ရွေးကောက်ပွဲအနိုင်ရရှိပါက ထားဝယ် တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အဓိက လုပ် ဆောင်မည်ဟု ထားဝယ်တိုင်းရင်းသား များပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြား သည်။” ထားဝယ် တိုင်းရင်းသားများ ပါတီ ကို မဲပေးခြင်းအားဖြင့် တစ်စင်းတည်းသော မြှားနဲ့ ပစ်မှတ်သုံးခုကို အပြီးပစ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ပြောင်းလဲမယ့် ဒီမိုကရေစီအရေးရော၊ လူမျိုးရေးရော၊ ဖွံ့ဖြိုးရေး ရော အားလုံးပြီး ပြည့်စုံသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့ပါတီက ထားဝယ်တိုင်းရင်း သားအရေး၊ ပြည်ထောင်စုအရေး၊ တရား ဥပဒေိုးမိုးရေး၊ အရပ်ဘက်လူ့အဖွဲ့ အစည်း များနှင့် ပူးပေါင်းဆောင်ရေး၊ ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့်၊ လူမှုစီးပွားဖွံ့ဖြိုး ရေး လုပ်ငန်း စသည့် အချက်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်း ပါတီက သတင်းထုတ်ပြန်သည်။
” တကယ် လုပ်ဖို့ လိုပါတယ်။ ရွေးခံ ရပြီး အပြောနဲ့ အလုပ်မညီတာမျိုးတော့ မလုပ်စေချင်ဘူး။ အခုလက်ရှိမှာ ပြော ပြောပြီး ဘာမှ မလုပ်တာတွေ ကြုံနေရ တော့လေ” ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်နေ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

ထားဝယ် တိုင်းရင်းသားများ ပါတီ က ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် ၃ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၇ နေရာတို့ကို မြို့နယ် ၅ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် သည်။