လေကြောင်းလိုင်းနှစ်ခု ရပ်နားပြီးနောက် ထားဝယ်-ရန်ကုန် လေယာဉ်ခရီးစဉ် နေ့တိုင်းလူပြည့်

0
479

တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ် ပြေးဆွဲနေသည့် လေကြောင်းလိုင်းနှစ်ခု ပြေးဆွဲမှု ရပ်နားခဲ့ပြီးနောက် ကျန်လေ ကြောင်း လိုင်းများတွင် ရန်ကုန်-ထား ဝယ်ခရီးစဉ် နေ့တိုင်းခရီးသည် ပြည့် သည်ဟု ထားဝယ်မြို့ အခြေစိုက် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိုင်း အဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လက Yangon Airway က တနင်္သာရီခရီး စဉ်ပြေးဆွဲမှု ရပ်နားခဲ့ပြီး ယခု စက်တင်ဘာလ ၁ ရက် မှစ၍ မန်းရတနာပုံ လေကြောင်းလိုင်း ရပ်နားခဲ့သဖြင့် ကျန်လေကြောင်းလိုင်း များတွင် ရန်ကုန်-ထားဝယ် ခရီးစဉ်အတွက် ခရီးသည် ပြည့်လာပြီး လက်မှတ်အကျပ် အတည်း ဖြစ်လာသည်ဟု အထက်ပါ အသိုင်း အဝိုင်းထံက သိရသည်။
kt-plane
” ရန်ကုန်အတွက် လက်မှတ်က ၁ ရက် ၂ ရက်လောက် ကြိုဝယ်မှ ရတော့မယ်” ဟု Wisdom Yadanar ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း (ထားဝယ်ရုံးခွဲ)မှ တာဝန်ခံက ပြောသည်။
လက်ရှိ ပြေးဆွဲနေသည့်လေကြောင်း လိုင်း ၃ ခုတွင်Myanmar National Airway နှင့် Apex လေကြောင်း လိုင်း တို့ကသာ နေ့စဉ်ပြေးဆွဲပြီး Air Mandalay က တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့တို့တွင် ပြေးဆွဲကြောင်းသိရသည်။ရန်ကုန်-ထားဝယ် အသွားအပြန် ခရီးစဉ်များတွင်သာ နေ့တိုင်း လူ ပြည့်ပြီး ထားဝယ်-ကော့သောင်း ခရီးစဉ်များ တွင်မူ ခရီးသည် ပုံမှန်အတိုင်းသာရှိ ကြောင်း ၎င်းက ဆိုသည်။

” ပွင့်လင်းရာသီ ရောက်လာတော့ ခရီးသည်ရရှိမှု အနေအထားအရ အပေါ် ပိုင်းကို ဆွဲတာပါ။ မတ်လလောက် ကျရင် တော့ ဒီဘက်ပြန်ဆွဲဖြစ်မှာပါ” ဟု မန်း ရတနာပုံ လေကြောင်းလိုင်း ထားဝယ် ရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။
၎င်းအပြင် လက်ရှိ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲနေသည့် ဗငမ Mညေိalပေ ကလည်း လာမည့်လတွင် တနင်္သာရီ ခရီးစဉ်ရပ်နားမည်ဟု သိထားကြောင်း ထားဝယ်မြို့ အခြေ စိုက် ခရီးသွားဝန် ဆောင်မှု လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။