မဲပေးနည်းအတွက် DYF ကို မည်သည့် အဖွဲ့အစည်းမဆို ဖိတ်ခေါ်နိုင်

0
534

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မှန်ကန်စွာ မဲပေးနိုင်ရေးအတွက် မဲပေး ခြင်းဆိုင်ရာ သင်တန်းများကို မျှဝေပေး နေသည့် ထားဝယ် လူငယ် မိတ်သဟာယ အဖွဲ့ကို မည့်သည့် ပါတီ အဖွဲ့အစည်းမဆို ဖိတ်ခေါ်နိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။


မဲပေးခြင်းဆိုင်ရာ အသိပညာပေး ရန် လိုအပ်သည့် ဒေသများရှိပါတီ၊ အဖွဲ့ အစည်းတို့က ဖိတ်ခေါ်ပါက ၎င်းတို့နှင့် ချိတ်ဆက်ကာ မဲပေးခြင်းဆိုင်ရာ ပညာ ပေးမည်ဖြစ်ကြောင်း ထားဝယ်လူငယ် မိတ်သဟာယအဖွဲ့(DYF) က ဦးဘိုဘို အောင်က ပြောသည်။
” တချို့က ဘယ်လို မဲပေးရမလဲ ဆိုတာကိုတောင် မသိကြသေးဘူး။ လို အပ်တဲ့နေရာတွေကနေ ဆက်သွယ် နိုင်ပါ တယ်။ အခုလုပ်နေတာက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်ပါ ဘူး ”   ဟု ဦးဘိုဘိုအောင်က ဆိုသည်။
သင်တန်းသား ၃၀ ဦးမှ ၅၀ ဦး အကြားရှိပါက သင်တန်းပုံစံဖြင့် မျှဝေ ပေးမည်ဖြစ်ပြီး ၅၀ ဦးနှင့် အထက်ရှိ ပါက ဟောပြောပွဲပုံစံဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးခြင်းကို ပြုလုပ်မည်ဖြစ် ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ရွေးကောက်ပွဲတွင် မဲပေးခြင်း ဆိုင် ရာ အသိပညာပေး သင်တန်းများ ပြုလုပ် လိုပါက ဖုန်းနံပါတ် ၀၉-၄၂၀၀၂၀၀၁၈ သို့ ဆက်သွယ်၍ ထားဝယ်လူငယ် မိတ်သဟာယအဖွဲ့ကို ဖိတ်ခေါ်နိုင်ကြောင်း သိရသည်။
ယင်းအဖွဲ့သည် လက်ရှိတွင် မဲပေး ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများကို ကလျာဏမိတ္တ ဖောင်ဒေးရှင်းနှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။