လူထု မထိတ်လန့်ရန် အရေးပေါ် လူနာတင်ယာဉ်များ အချက်ပေးသံ မှား မသုံးရန်လို

0
571

ထားဝယ်ဒေသအတွင်း ကူညီနေ သည့် အရေးပေါ်လူနာတင်ယာဉ်များလူ နာသယ်ပို့ရာတွင် အချက်ပေးသံကို သတိပြုရန် လိုအပ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က အကြံပြု ပြောကြားသည်။

လက်ရှိတွင် အချို့အရေးပေါ် လူနာတင်ယာဉ်များ လူနာသယ်ဆောင် ရာတွင် လူမှုကူညီရေးအသင်း၏ အချက်ပေးသံကို အသုံးပြုရမည့် အစား မီးသတ် ဥဩဆွဲသံကို အသုံးပြုကြ သည့်အတွက် ပြည်သူလူထု အထိတ် တလန့်မရှိစေရန် အချက်ပေးသံကို သတိပြုရန်လိုအပ်သည်ဟု ဦးနိုင်မျိုး သွင်က ပြောသည်။
” မီးသတ်ဥဩဆွဲသံကို မှားပြီး တပ်မိတာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် ဝယ်ကတည်းက အဲဒီသံ အတိုင်း ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ (အချက်ပေး ကိရိယာကို) ပြန်ဝယ်ပြီး လဲသင့်တယ်လို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အထူးယာဉ်တန်း အချက်ပေးအသံ၊ VIP အချက်ပေးအသံ၊ မီးသတ်ဥဩအသံ၊ ကြက်ခြေနီ အသင်း အသံနှင့် လူမှုကူညီရေး အသင်းအသံ ဟူ၍ အချက်ပေးအသံ ငါးမျိုး သတ်မှတ် ထားပြီး အရေးပေါ် လူနာတင်ယာဉ်များ က လူမှုကူညီရေးအသင်း အသံကို အသုံး ပြုကြကြောင်း ဇမ္ဗူသီရိ မွန်မြတ် သော ကုသိုလ်ပြု အရေးပေါ်လူနာ အခမဲ့ ကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းအချက်ပေးသံအပြင် အရေး ပေါ် လူနာတင်ယာဉ်များကို လူနာကို ဆေးရုံသို့ ပို့ရုံ သက်သက်မျိုး မဟုတ်ဘဲ လူနာတင် ယာဉ်အတွင်း လိုအပ်သည့် ဆေးဝါးအထောက်အကူပစ္စည်းများ၊ ကျန်းမာရေးအကူ၊ ကျွမ်းကျင်သော ယာဉ်မောင်း စသဖြင့် သတ်မှတ်ချက် များနှင့် ပြည့်စုံမှသာ ပြေးဆွဲသင့်သည်ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

လက်ရှိတွင် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့အပြင် ပန်းတင်အင်းကျေးရွာ၊ ကံပေါက် ဒေသ တို့မှ အရေး ပေါ်လူနာတင် ယာဉ်များ ကလည်း ကူညီသယ်ဆောင်နေကြပြီး အချို့ကျေးရွာများလည်း အရေးပေါ် လူနာတင်ယာဉ်များ ထားရှိရန် စီစဉ် နေကြကြောင်း အထက်ပါ ဇမ္ဗူသီရိအဖွဲ့ ထံမှ သိရသည်။