နောက်ဆုံးအဆင့် မဲစာရင်း စက်တင်ဘာ ပထမအပတ် ကြေညာမည်

0
425

တနင်္သာရီ တိုင်းဒေသကြီး အတွင်း နောက်ဆုံးအဆင့် မဲဆန္ဒရှင်စာရင်းကို လာမည့် စက်တင်ဘာလ ပထမအပတ် တွင် ကြေညာမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်လက ပထမအကြိမ် ကြေညာခဲ့သည့် မဲဆန္ဒစာရင်းကို ပြန် လည်ပြင်ဆင်မှုများ ပြုလုပ်ကာ လာမည့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် နောက်ဆုံး အဆင့် မဲဆန္ဒရှင်စာရင်းကို ၁၄ ရက် အကြာ ထပ်မံကြေညာ မည်ဖြစ် ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်း ဦးက ပြောသည်။
declare-election-lists
” ရက်အတိအကျ မသတ်မှတ် ရသေးပါဘူး။ စက်တင်ဘာလ ပထမ အပတ်ထဲမှာပဲ ကပ်ဖြစ်ပါမယ်” ဟု ဦးထိန်လင်းဦးက ဆိုသည်။
နောက်ဆုံးအဆင့် ကပ်သည့် မဲဆန္ဒစာရင်းကို ပြည်သူများ သွား ရောက်ကြည့်ရှု စစ်ဆေးကြရန် လိုအပ် ပြီး ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်နှင့် ကန့် ကွက်ရန် အချက်အလက်များကိုလည်း ပြင်ဆင်ကြရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးအဆင့် မဲဆန္ဒရှင်များ စာရင်း ကပ်ထားရာတွင် အချက် အလက် မှားယွင်းပါက မဲပေးသည့်အချိန်တွင် ပြဿနာ တစုံတရာ မရှိနိုင်သော်လည်း မဲပေးခွင့်ရှိပြီး အမည်စာရင်း မပါဝင်သူ များက ယခုနောက်ဆုံးကပ်မည့် မဲစာရင်း တွင် သွားရောက် မတောင်းဆိုပါက မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရှေ့တစ်ခေါက် ကပ်တုန်းကတော့ သွားမကြည့်ဖြစ်ဘူး။ ကိုယ့်နာမည်မပါ ခဲ့ရင် မဲပေးလို့မရဘူးဆိုရင်တော့ ဒီတစ် ခါ ကပ်ရင်သွားကြည့်မှ ရမှာပေါ့” ဟု တလိုင်းမရပ်ကွက်နေ အသက် ၂၈ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့ချိန်က တိုင်းအတွင်း မဲပေးနိုင်သူဦးရေ ၈ သိန်းကျော်ရှိခဲ့ပြီး လက်ရှိ ပြန်လည် ပြင်ဆင်ပြီးသည့် အနေအထားရ တိုင်းအတွင်း မဲပေး နိုင်သူဦးရေ ၁၀ သိန်းခန့်ရှိနိုင်သည်ဟု ဦးထိန်လင်းဦးက ခန့်မှန်း ပြောဆို သည်။

နောက်ဆုံးအဆင့် မဲဆန္ဒရှင် စာရင်းတွင် မဲဆန္ဒရှင်များ၏ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်မှုများကို ပြင်ဆင် မှုပြီး မဲရုံအလိုက် မဲပေးရမည့်စာရင်းကို မဲပေးရမည့်အချိန်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ကပ်ချိန်က မဲစာရင်းမှားယွင်းမှုများနှင့် ပက်သက်၍ ဝေဖန်မှုများစွာ ထွက်ပေါ် ခဲ့သည်။