စည်းကမ်းမဲ့ မြေသယ်ကားများ ကိုင်တွယ်မှု အားနည်းဟု ဒေသခံများ ဝေဖန်

0
463

ထားဝယ်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် မြေ သယ်ကားများ စည်းမျဉ်းစည်းကမ်း များကို မလိုက်နာဘဲ စီမံကိန်း လုပ်ငန်း များ လုပ်ကိုင်နေသည်ကို သက်ဆိုင်ရာမှ ကိုင်တွယ်မှု အားနည်းသည်ဟု ထားဝယ် မြို့ခံများက ဝေဖန်သည်။

ထားဝယ်မြို့၏ အဓိက လမ်းမများ အနက် တစ်ခုဖြစ်သည့် ကမြောကင်း လမ်းပေါ်တွင် မြေစာများ ဖိတ်စင်မှုနှင့် ပတ်သက်ပြီး ဩဂုတ်လ ဒုတိယအပတ်က ယင်းသို့ ဝေဖန်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ကမူ လက်ရှိတွင် မိုးမရွာပါက မြေစာများဖြင့် ပေကျံနေသည့် ကမြော ကင်းလမ်းနှင့် ကမ်းနားလမ်းကို ရေကား များဖြင့် ဆေးကြောရန် အသိပေးထား သည်ဟု ပြောသည်။
kamyawgin-road
” ကမြောကင်းလမ်းဟာ အများ ပြည်သူသွားလမ်း၊ တက္ကသိုလ်သွားလမ်း ဖြစ်တယ်၊ လမ်းပေါ်မှာ အဲလိုဖြစ်နေတာ ကို အသိပေးတာ တစ်ခုတည်း မဟုတ်ဘဲ ဆက်ဖြစ်နေရင် အရေးယူသင့်တယ်။ ကိုယ့်ကြောင့်ဖြစ်တာ ကိုယ်တာဝန်ယူရ မှာပေါ့”ဟု ထားဝယ်မြို့ခံ ဦးခင်မောင်သိန်း က ဆိုသည်။
ယင်းမြေသယ်ကားများမှ ဖိတ်စင် ကျသည့် မြေစာများနှင့် ကားဘီးများတွင် ပါလာသည့်မြေများ လမ်းမပေါ်တွင် ပြန့်ကျဲ ပေကျံနေသဖြင့် ခရီးသွားများ အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပြီး မိုးရာသီဖြစ်သဖြင့် ဆိုင်ကယ်များ ဘီး ချော်မည်ကို စိုးရိမ်ရကြောင်း မြို့ခံများက ဖွင့်ဟသည်။
ထို့အပြင် ပွင့်လင်းရာသီနှင့် နွေရာ သီတို့တွင်လည် ယင်းမြေသယ် ကားများ ကြောင့် လမ်းတစ်လျှောက် ဖုန်ထကာ လမ်းသွား လမ်းလာများ ယာဉ်အန္တရာယ် အတွက် စိုးရိမ်ရသည်အထိ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါကိစ္စ ကိုင်တွယ်မှု အားနည်း သည်အပေါ် ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူအား မေးမြန်း ရာ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ခိုင်း ပါက လုပ်ငန်းများ နှောင့်နှေးမည် စိုးသည့် အတွက် မလုပ်ခိုင်းခြင်း ဖြစ်သည်ဟု ပြောသည်။

သို့သော် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်ပြီး မေးမြန်း ရာ ဖြေကြားခြင်း မရှိပေ။
လက်ရှိတွင် ကမြောကင်းလမ်း မပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုရန် ကုမ္ပဏီ ၄ ခုမှ မြေသယ်ယာဉ် ၂၀ စီးခန့်ဖြင့် နေ့စဉ် သယ်ယူနေကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် မြေသယ်များ၏ စည်းကမ်းမဲ့ သယ်ယူ မှုနှင့် ပတ်သက်ပြီး ဒေသခံများက (လူမှု ကွန်ရက်) ဖေ့စ်ဘုတ်စာမျက်နှာများတွင် မကြာခဏ ဝေဖန်လေ့ရှိသည်။