ထားဝယ်ဈေးကွက်သို့ ဆန် အလုံးအရင်းဖြင့် တင်သွင်းရန် လိုနေ

0
546

တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ဒေသဈေးကွက် ဆန်လိုအပ်ချက် ပြည့်မီ ရန် စက်တင်ဘာလနှင့် ဒီဇင်ဘာလ အကြား၌ ဆန်အလုံးအရင်းဖြင့် တင်သွင်း ရန် လိုအပ်ကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။

လက်ရှိတွင် ဆန်စပါးလုပ်ငန်းရှင် များအသင်း၏ ဂိုဒေါင်တွင် ဆန်လုံးဝ ပြတ်လပ်နေပြီး ရာသီဥတုလည်း ဆိုးရွာ ဆဲဖြစ်သည့်အတွက် ဧရာဝတီတိုင်းဘက်မှ ရေလမ်းဖြင့် ဆန်တင်သွင်းမရဖြစ်နေ သည်ဟု အထက်ပါ အသင်းမှ သိရသည်။
ထားဝယ်ဆန်ကုန်သည်များက ရန်ကုန်ဈေးကွက်မှတစ်ဆင့် ကုန်တင် ကားများဖြင့် တင်သွင်းနေသော်လည်း ဒေသတစ်ခုလုံး၏ ဈေးကွက်လိုအပ်ချက် အရ လုံလောက်မှု မရှိနိုင်ဟု သိရသည်။
dawei-rice
” ဩဂုတ်လကုန်ဆိုရင် ဒေသထွက် ဆန် အနည်းအငယ်ပဲ ကျန်တော့မယ်၊ ရာသီဥတုကောင်းတာနဲ့ အလုံးအရင်းနဲ့ တင်သွင်းဖို့ လိုမယ်” ဟု ဦးနိုင်လွင်လတ် က ခန့်မှန်းသည်။
ထားဝယ်ခရိုင်အတွင်း တစ်လလျှင် ပျမ်းမျှဆန်အိတ် ၂၅၀၀၀ခန့် လိုအပ် လျက်ပြီး တစ်နှစ်လျှင် အိတ်ရေ ၃သိန်း လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။
နိုင်ငံအဝှမ်း ဆန်ထွက်နှုန်းများသည့် ဒေသများ ရေလွှမ်းခံရချိန်တွင် ရန်ကုန် ဈေးကွက်တွင် ဆန်ဈေးနှုန်းများ ရုတ် တရက် ထိုးတက်သွားခဲ့သည်။
ထားဝယ် ဆန်ဈေးကွက်ကို ထိန်း နိုင်ရန်အတွက် ထားဝယ်ခရိုင် ဆန်လုပ် ငန်းရှင်များအသင်းပိုင် နန်းတော်ဦး ဂိုဒေါင်ရှိ လက်ကျန် ဆန် အိတ် ၃၀၀၀ကို မူလဈေးနှုန်းဖြင့် ထားဝယ် ဆန်ကုန်သည် များထံသို့ ဖြန့်ဖြူးရောင်းချပေးကြောင်း ယင်း အသင်းထံမှ သိရသည်။

“နောက်ထပ် တစ်ကြိမ် (ရေကြီး ခြင်း)ဖြစ်မှာတော့ စိုးရိမ်တယ်၊ လက်ရှိ တော့ ဆန်အသင်း ဆန်တွေ ထုတ်ရောင်း တာရယ်၊ မော်လမြိုင်တို့ ဘာတို့က တင် သွင်းမှာရယ်ကြောင့် ပြတ်သွားမှာတော့ မဟုတ်ဘူး။ လူတွေကလည်း တစ်အိတ် လိုတဲ့သူက နှစ်အိတ်ဝယ်ထားတာမျိုးတွေ ရှိ တော့လေ” ဟု ထားဝယ်မြို့ ဆန်းချီ ရပ်ကွက်ရှိ ဆန်ရောင်းသူတစ်ဦးက ဆို သည်။

သို့သော် ဈေးကွက်အတွင်း ဆန် အမျိုးအစားအပေါ် မူတည်ပြီး ဆန် ဈေးများ အနိမ့်ဆုံး ကျပ် ၁၀၀၀ ကျော်မှ အမြင့်ဆုံး ကျပ် ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်လျက် ရှိ ကြောင်း ထားဝယ် ဈေးကွက်အတွင်းမှ သိရသည်။
ဆန်အမျိုးအစား ၆၀ ကျော်ရှိ သည့်အနက် ထားဝယ်ဒေသတွင် ပေါ် ဆန်းမွှေး၊ ပေါ်ကျွဲ၊ ဇီယာများကို ထားဝယ် ဒေသခံအများစု ဝယ်ယူစားသုံးကြသည် ဟု ဈေးကွက်အတွင်းမှ သိသည်။