ထားဝယ်ပါတီနှင့် မွန်အမျိုး သားပါတီ မဟာမိတ်ဖွဲ့

0
591

လာမည့် ရွေးကောက်ပွဲတွင် အောင် နိုင်ရေးအတွက် ထားဝယ်တိုင်းရင်းသား များပါတီနှင့် မွန်အမျိုးသားပါတီတို့ မဟာမိတ်ဖွဲ့ လိုက်ကြောင်း သက်ဆိုင်ရာ ပါတီများမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့ သောင်းမြို့နယ် မဲဆန္ဒနယ် ၄ နေရာ အနက် တစ်ပါတီကို နှစ်နေရာ ဝင်ပြိုင်ရန် ရွေးကောက်ပွဲ ကာလအတွင်း မိတ်ဖတ် အဖြစ် ပူးပေါင်းလိုက်သည်ဟု သိရ သည်။

ထားဝယ်တိုင်းရင်းသားများပါတီမှ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂)နှင့် ပြည် သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်ဦးစီ၊ မွန်အမျိုးသားပါတီမှ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ် (၁)နှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် တစ်ဦးစီ ညှိနှိုင်း ဝင်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟု မွန်အမျိုးသားပါတီမှ တာဝန်ရှိသူ တစ်ဦး က ရှင်းပြသည်။

“မွန် လူဦးရေးစစ်တမ်းအရ ကော့ သောင်း မြို့နယ်မှာ လူဦးရေ ၅၀၀၀ ပဲ ရှိတယ်။ အခုလို နှစ်ပါတီ ပူးပေါင်းလိုက် တော့ ကိုယ့်ပါတီအတွက် မိတ်ဖက် ပါတီက အင်းအား တစ်ခုဖြစ် စေတယ်” ဟု မွန်အမျိုးသားပါတီ မြို့နယ် စည်းရုံး ရေးမှူး နိုင်ဝင်းမောင်က ဆိုသည်။
ထားဝယ်တိုင်းရင်းသားပါတီနှင့် မွန်အမျိုးသား ပါတီတို့သည် ရေဖြူမြို့ နယ် မဲဆန္ဒနယ် တွင်လည်း မဟာမိတ်ဖွဲ့ ကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရ သည်။