မောင်းမကန် သောင်ပြင်ဆိုင်များ မရွှေ့က အရေးယူမည်

0
425

ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထား ရွှေ့ပြောင်းပေးရန် အကြောင်းကြား ထားသည့် မောင်းမကန်ကမ်းခြေ သဲ သောင်တန်းရှိ ဆိုင်များအား မရွှေ့ ပြောင်းပေးပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ထားဝယ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ပြောသည်။

“ကမ်းခြေမှ မဖယ်ရှားသေးသည့် ဆိုင်စာရင်းကို တင်ပြထားရန် တောင်း ထားပြီး မဖျက်သည့် ဆိုင်များကို သတိ ပေးစာ ပေးပို့သွားမယ်၊ မဖျက်တဲ့ဆိုင် တွေကို တည်ဆဲ ဥပဒေအရ အရေးယူသွား မယ်” ဟု ဦးသိန်းအောင်က ပြောဆိုသည်။

ကမ်းခြေရှိ ဆိုင် ၆၄ ဆိုင်အနက် သတ်မှတ်ထားသည့် နေရာ၌ စားသောက် ဆိုင်ကို ဆောက်လုပ်လျက်ရှိပြီး ဩဂုတ် လ ၃ ရက်နေ့အထိ သဲသောင်တန်းတွင် ဈေးဆိုင် ၁၀ ကျော် ဖယ်ရှားရန် ကျန်နေ သေးကြောင်း မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။
ပြောင်းရွှေ့ရန် ကျန်သည့် ဈေးဆိုင် စာရင်းကို မောင်းမကန်ကမ်းခြေ သာယာ လှပရေးနှင့် စည်း ကမ်းထိန်းသိမ်းရေး မြို့နယ် ကြီးကြပ်မှုကော်မတီသို့ ဩဂုတ် လ ၃ ရက်နေ့တွင် တင်ပြခဲ့ပြီး ယင်း ကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ဆက်လုပ် သွားမည်ဖြစ်ကြောင်း မောင်း မကန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယူသိန်း ပြောသည်။

ထိုသို့ အစားအသောက်များကို စနစ်တကျ နေရာချထားပေးပြီးနောက် ပျံကျ ဈေးသည်များကို ဆက်လက်နေရာချ ထားပေးမည်ဖြစ် ကြောင်း ဦးယူသိန်းက ပြောသည်။
လက်ရှိအချိန်တွင် စားသောက် ဆိုင်များကို အသစ်ပြန်လည် ဆောက် လုပ်ဆဲဖြစ်သည့်အတွက် ကမ်းခြေရှိ ဆိုင် တန်းတချို့သာ ဖျက်ထားပြီး မကြာမီ ဆိုင်တန်းများကို အပြီးသတ်ဖျက်သွား မည်ဟု ငွေပင်လယ် စားသောက်ဆိုင် ပိုင်ရှင်က ပြောသည်။
မောင်းမကန် ကမ်းခြေတွင် စား သောက်ဆိုင် ၄၆ ဆိုင်၊ ဓာတ်ပုံဆိုင် ၄ ဆိုင်၊ အမှတ်တရာ ပစ္စည်း အရောင်းဆိုင် ၅ ဆိုင်၊ အိမ်ဆိုင် ၉ ဆိုင် စုစုပေါင်း ၆၄ ဆိုင်ရှိပြီး ပျံကျဈေးသည် ၅၅ ဦး၊ဘန်ဂလို ၂၇ လုံးနှင့် ကမ်းခြေရုံး တစ်ရုံးရှိသည်ဟု သိရသည်။