ထားဝယ်တွင် တစ်သောင်းတန်အတုများ ဖမ်းမိ

0
535

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ နယ်၊ မင်းဒပ်ကျေးရွာနေ အမျိုးသမီး ထံမှ တစ်သောင်းတန် ငွေစက္ကူအတု ၆ ရွက်ကို ဇူလိုင်လ ၂၆ ရက်နေ့က သိမ်းဆည်း ရမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသမီးက ထားဝယ်မြို့၊ ကညုံရပ် ကွက်၊ ဒါနလမ်းရှိ ဆေးခန်းတွင် ဆေးကုသစရိတ် ပေးချေစဉ် တစ် သောင်းတန် အတုဖြစ်သည်ကို ဆေး ခန်းမှ သိသဖြင့် ရဲစခန်းသို့ လာရောက် သတင်းပေး၍ အထက်ပါ အမျိုးသမီး အား ခေါ်ယူစစ်ဆေးရာမှ တစ်သောင်း တန်အတု ၆ ရွက်ကို ဖမ်းဆီးရမိခဲ့ ကြောင်း ယင်းရဲစခန်း မှတ်တမ်းအရ သိရသည်။

အဆိုပါ အမျိုးသမီးနှင့် အတူပါ အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့ကို စစ်ဆေးရာ ထားဝယ်မြို့ ဆေးရုံလမ်းရှိ ထိုင်းငွေ လဲလှယ်နိုင်သည့် ဆေးဆိုင် တစ်ဆိုင်တွင် ထိုင်းဘတ်ငွေ ၃၀၀၀ ကို မြန်မာကျပ်ငွေ လဲလှယ်ရာမှ ရသည်ဟု အတူပါ အမျိုးသား၏ ထွက် ဆိုချက်ကို ကိုးကားပြီး ထားဝယ်မြို့မ စခန်းမှူးက ပြောသည်။

လက်ရှိတွင် ငွေလဲလှယ်ပေးသူ အပါအဝင် ၃ ဦးစလုံးကို ဖမ်းဆီး စစ်ဆေးကာ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ တို့အရ ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရ သည်။