ဒီရေတောနှစ်ခု တစ်ဆက်တည်း ဖြစ်အောင် ဖြည့်စိုက်မည်

0
731

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကမ်းပနီကျေးရွာ ကမ်းခြေရှိ ဒီရေတော နှစ်ခု တစ်ဆက်တည်းဖြစ်ရန် ယင်း နှစ်ခုကြား မြေကွက်လပ်တွင် ဒီရေတော ပေါက်ပင် ၁၀၀၀ ခန့် စိုက်မည်ဖြစ် ကြောင်း ထားဝယ်လူငယ် မိတ်သဟာရ အဖွဲ့မှ ဦးဘိုဘိုအောင်က ပြောကြား သည်။

ကမ္ဘာ့ ဒီရေတော ထိန်းသိမ်းရေး နေ့၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စိုက်ပျိုး မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့က သစ်တောဦးစီးဌာနမှ စိုက်ပျိုး ထားသော အထက်ပါမြေနေရာနှင့် တဆက်တည်း ဒီရေတောပေါက်ပင် များကို စစိုက်ပျိုးခဲ့ပြီး ယခုတကြိမ် စိုက်ပျိုးလျှင် ဒီရေတော နှစ်ခုအကြားရှိ နေရာတွင် တဆက်တည်းဖြစ်မည်ဖြစ် ကြောင်း ဦးဘိုဘိုအောင်က ရှင်းပြသည်။
dw
” ဒီရေတောထဲမှာရှိတဲ့ အပင်ကြပ် တွေကို နှုတ်ပြီး ဒီရေတော အပင်မရှိတဲ့ နေရာမှာ စိုက်ပျိုးတာပါ” ဟု ၎င်းကဆို သည်။
မြေ ၂ ဧကခန့်ရှိသည့် ယင်းနေရာ တွင် ဒီရေတော ပေါက်ပင်များဖြစ်သော မက်မဲပင်နှင့် မက်ဖြူပင်များကို ယင်းနေ့ တွင် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ စုပေါင်းစိုက်ပျိုးကြမည်ဟု သိရသည်။

ကမ်းခြေ ရေတိုက်စားမှု ကာကွယ် နိုင်ရန်၊ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ပါသွား သည့် ဒီရေတောများကို လက်လှမ်းမီ သမျှ အစားထိုးစိုက်ပျိုးနိုင်ရန်၊ ဒီရေ တောသည် ရေနေသတ္တဝါများပေါက် ဖွားသည့်နေရာဖြစ်၍ ဒေသခံများ ရှာဖွေ စားသောက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန်အတွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း အထက်ပါ လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမ အပတ် က လောင်းလုံးမြို့နယ် ညင်းမော်ကျေး ရွာ၊ ကဒက်ငယ်ဆိပ်နှင့် အောက်ရေဖြူ ရွာချင်းဆက် လမ်းနေရာနှင့် ပန်းတင် အင်း ကျေးရွာတို့တွင် နှစ်ရှည်ပင်နှင့် အရိပ်ရ သစ်ပင် ၁၀၀၀ခန့်ကို အထက် ပါ အဖွဲ့များက စိုက်ပျိုးခဲ့သည်။