ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်း ပြန်စရန် ၅နှစ်မှ ၁၀ နှစ်အကြား ကြာမည်

0
577

တစ်ပိုင်းတစ်စ ရပ်နားထားသည့် ထားဝယ် – မြိတ် ရထားလမ်းအတွက် ဘဏ္ဍာငွေ လျာထားချက်ကို လာမည့် ၂၀၂၁ – ၂၀၂၂ မှ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာ နှစ်များတွင် ထည့်သွားရန်ရှိကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးချန်မောင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် လောင်းလုံးမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး က ယင်းရထားလမ်းနှင့်ပတ်သက် မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
dawei-myeik-train-road
၁၃၂မိုင်ခွဲ ရှိသည့် ထားဝယ် – မြိတ် ရထားလမ်းကို ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာ ရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၅ မိုင် အကွာအဝေးသာရှိသည့် ထားဝယ် – သရက်ချောင်း လမ်းပိုင်းအပြီးတွင် ရပ်နားထားခဲ့သည်။

ယင်းရထားလမ်းအတွက် လမ်းအူ ကြောင်း ဖောက်လုပ်စဉ် လယ်ကွင်းများ၊ ရာဘာခြံများ အပါအဝင် ဥယျာဉ်ခြံမြေ များစွာကို ဖြတ်သန်းဖောက်လုပ်ခဲ့သည့် အတွက် ဒေသခံလူထုများ နစ်နာဆုံးရှုံးမှု များစွာ ရှိခဲ့သည်ဟု ဦးအောင်စိုးက လွှတ်တော်တွင် မေးမြန်းစဉ် ထည့်သွင်း ပြောခဲ့သည်။
ဖောက်လုပ်ရန် ကျန်ရှိသည့် မိုင် ၁၂၀ ခန့် ကျန်နေပြီး စီမံကိန်းလုံးဝ ရပ်နားထားသည့်အတွက် ဆောက်လုပ် ထားပြီးဖြစ်သည့် ဘူတာရုံများ၊ တံတား များနှင့် လမ်းဘောင်များသည် ထိန်း သိမ်းမှုမရှိဘဲ ပျက်စီးယိုယွင်းလျက် ရှိ ကြောင်း ဦးအောင်စိုးက လွှတ်တော် တွင် ပြောသည်။
ထားဝယ် – ရေး မီးရထားလမ်း မိုင် ၁၀၀ ခန့်ကို တပ်မတော် အစိုးရ လက်ထက်က ပြည်သူများကို လုပ်အား ပေးခေါ်ပြီး ဖောက်လုပ်ခဲ့သည်။