အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပြောင်းလဲသတ်မှတ်သည့်ကိစ္စ NLD ကန့်ကွက်

0
654

လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အတွက် တနင်္သာရီတိုင်းတွင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ပြောင်းလဲသတ် မှတ်ခြင်းကို NLD ပါတီက ထားဝယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံသို့ စာပို့ ကန့်ကွက်ထားကြောင်း NLD ပါတီ၏ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရ သည်။


၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်စဉ်က ထားဝယ်မြို့နယ်တွင် အမျိုးသားလွှတ် တော်မဲဆန္ဒနယ် ၂ နေရာရှိခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲတွင်မူ ထားဝယ် မြို့နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာသာရှိတော့မည်ဖြစ် ကာ ကျွန်းစုမြို့နယ်တွင် ၂ နေရာရှိလာခြင်းကိုကန့်ကွက်ခြင်းဖြစ်ကြောင်း NLD ပါတီခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကပြောကြားသည်။ ” အဲဒါက အစဉ် အလာဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ ထားဝယ်မြို့က တိုင်းမြို့တော်ဖြစ်တဲ့အတွက်နံပါတ် ၁ ဖြစ်သင့်တယ်” ဟု ခရိုင် အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာကို ကျွန်းစုမြို့နယ်က ထားဝယ်မြို့ နယ်ထက် လူဦးရေပိုများသည့်အတွက်ကျွန်းစုမြို့နယ်သို့ ပြောင်းလဲသတ်မှတ်ခြင်း တွင် မည်သည့်လူဦးရေစာရင်းကို အခြေခံ သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ၎င်းက ဆိုသည်။ ယင်း သို့ကန့်ကွက်ခြင်းသည် ပါတီ၏ဆန္ဒမ ဟုတ်ဘဲပြည်သူလူထု၏ အသံကိုနား ထောင်၍ကန့်ကွက်ခြင်းဖြစ်သည်ဟု ယင်းခရိုင်အလုပ် အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ကပြောသည်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ထားသည့် ကန့်ကွက်စာကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လည်း တင်ပြထားကြောင်း သိရသည်။
” ဒါကိုကျွန်တော်တို့ ပါတီတစ်ခု တည်း မကြိုက် တာလား။ တခြားပါတီ တွေနဲ့ဆုံပြီး ညှိနှိုင်းပြီး ဘယ်ဆက်လုပ် မယ်ဆိုတာ ဆက်စဉ်းစားကြမယ်” ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတွင် အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် ၁၂ နယ် သတ်မှတ်ရမည်ဖြစ်ပြီးမြို့ နယ်အလိုက် တစ်မြို့နယ်တွင် တစ်နယ်စီ သတ်မှတ်ပေးရမည်ဖြစ်ပြီး မြို့နယ်အရေ အတွက်သည် ၁၂ မြို့နယ်အောက် လျော့ နည်းနေပါကလိုအပ်နေသော မဲဆန္ဒနယ် အရေအတွက်ကို ယင်းတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အတွင်းရှိမြို့နယ်များ ၏ လူဦးရေအများအနည်းအလိုက်တန်း စီဇယားပြုစု၍ လူဦးရေအများဆုံးမြို့ နယ်မှစပြီး မြို့နယ်တစ်နယ်လျှင် မဲဆန္ဒ နယ်တစ်နယ်စီကို လိုအပ်နေသောမဲဆန္ဒ နယ်ပြည့်သည့်အထိ ထပ်ဆောင်းသတ် မှတ်ပေးရမည်ဟု အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထား သည်။
ကျွန်းစုမြို့နယ်သို့ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁ နေရာတိုး၍ ပြောင်းလဲသတ်မှတ်ခြင်းသည် သန်းခေါင် စာရင်း၏ လူဦးရေကိုအခြေခံခြင်း မဟုတ်ဘဲ လ.၀.က ၏ လူဦးရေစာရင်း ကိုသာ အခြေခံခြင်းဖြစ်ကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းကပြောဆိုခဲ့ဖူးသည်။