မောင်းမကန် ကမ်းခြေ စားသောက်ဆိုင်တန်း ပြောင်းရွှေ့ ဆောက်လုပ်မှု တစ်ဝက်ကျော်ပြီး

0
1073

မောင်းမကန်ကမ်းခြေ သဲသောင် တန်းရှိ ဆိုင်တန်း ပြောင်းရွှေ့တည်ဆောက် မှု တစ်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း မောင်းမကန် ကမ်းခြေသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်း လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလေးဝင်းထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့ကစပြီး စတင် ပြောင်းရွှေ့ရာ လက်ရှိတွင် ဆိုင်ခန်း ၃၀ ကျော် ပြောင်းရွှေ့ တည်ဆောက်ပြီးဖြစ်ကာ ကမ်းနဖူးရှိ ဈေးဆိုင်တန်း တချို့လည်း ဖျက်ပြီး ရွှေ့နေပြီဖြစ်ကြောင်း ငွေပင်လယ် စားသောက်ဆိုင်ပိုင်ရှင်လည်း ဖြစ်သည့် ဦးလေးဝင်းက ရှင်းပြသည်။
ဈေးဆိုင်တန်းများသည် မူလဆိုင် မျက်နှာစာနှင့် ဘန်ဂလိုမှ ပေ ၅၀ အတွင်း ဆိုင်ခန်းများကို ဆောက်လုပ်ရောင်းချရ မည်ဖြစ်ကြောင်း မောင်းမကန်ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးမြို့နယ် ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။
” ကမ်းခြေမှာရှိတဲ့ ဆိုင်တန်းတွေ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမယ်” ဟု မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယူသိန်းက ဆိုသည်။
ယင်းသို့ သဲသောင်တန်းရှိ ဆိုင် တန်းများ ပြောင်းရွှေ့သည့် အစီအစဉ်ကို ကမ်းခြေလာ ဧည့်သည်များ လွတ်လပ်စွာ အပန်းဖြေနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
mgmagan-shop
မောင်းမကန်ကမ်းခြေအဆင့် မြှင့် တင်ရေးအတွက် ကမ်းခြေ သဲသောင်တန်း ရှိ ဆိုင်တန်းများကို ကနဦး ဖယ်ရှားနေ ခြင်းဖြစ်ပြီး အမှိုက်သိမ်းဆည်းမှုကို စားသောက်ဆိုင်များက ထည့်ဝင်သည့် ရန်ပုံငွေဖြင့် လုပ်ရန်လည်း စီစဉ်လျက် ရှိကြောင်း ဦးယူသိန်းက ပြောသည်။

မောင်းမကန်ကမ်းခြေတွင် စားသောက် ဆိုင် ၄၆ ဆိုင်၊ ဓာတ်ပုံ ဆိုင် ၄ ဆိုင်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၅ ဆိုင်၊ အိမ်ဆိုင် ၉ ဆိုင် စုစုပေါင်း ဈေးဆိုင် ၆၄ ဆိုင် ရှိပြီး ပျံကျဈေးသည် ၅၅ ဦး၊ ဘန်ဂလို ၂၇ လုံးနှင့် ကမ်းခြေရုံး ၁ ရုံး ရှိသည်ဟု သိရသည်။

ယင်းကမ်းခြေ သဲသောင်ရှိ ဈေးဆိုင် တန်များကို ယခင် အစိုးရလက်ထက်က ရောင်းချခွင့်ပြုခဲ့ပြီး တဖြည်းဖြည်းတိုးချဲ့ တည်ဆောက်လာကြရာက အများပြည်သူ အပန်းဖြေရန်နေရာ နည်းသွားသည့် အခြေ အနေအထိ ရောက်ခဲ့သည်ဟု မောင်းမကန် ဒေသခံများထံမှ သိရသည်။