တနင်္သာရီ ပြည်ခိုင်ဖြိုး ကိုယ်စား လှယ် ၇၅ ရာနှုန်း ရွေးကောက်ပွဲ ပြန် ဝင်မည်

0
445

တနင်္သာရီတိုင်းဒေသကြီးမှ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း လာမည့် ရွေးကောက်ပွဲတွင် ထပ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ ထံမှ သိရသည်။

လက်ရှိပြည်ထောင်စုအစိုးရ၊ တိုင်းအစိုးရနှင့် လွှတ်တော်အသီးသီးရှိ တနင်္သာရီတိုင်းမှ ပြည်ခိုင်ဖြိုး ပါတီဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ စုစုပေါင်း ၄၀ နီးပါးရှိကြပြီး ၎င်းတို့ အထဲမှ ၃၀ဦးခန့်မှာ ရွေးကောက်ပွဲ ပြန် ဝင်မည့် အနေအထားရှိသည်ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

” အတည်တော့ မပြုရသေးပါဘူး။ ပါတီရဲ့ ဗဟိုဌာနချုပ်ကို တင်ပြထား ပါတယ်” ဟုတိုင်းအတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
ဇွန်လ ၃၀ ရက်နေ့က ပါတီ ဌာနချုပ်နှင့် ညှိနှိုင်းကာ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်စာရင်းကို ဗဟို ကော်မတီကို တင်ပြထားကြောင်း ၎င်းက ပြောသည်။
ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံ မည့် လက်ရှိ အစိုးရဝန်ကြီးများ၊ လွှတ် တော် ကိုယ်စားလှယ်များ မဟုတ် သည့် ပါတီဝင် ၁၀ ဦးခန့်ရှိကြောင်း ၎င်းက ဆိုသည်။

” ရွေးကောက်ပွဲ ထပ်ဝင်ဖို့ ရှိပါ တယ်။ ပုလော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာကနေ ဝင်အရွေးခံမှာ ပါ” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ပြောကြားသည်။လက်ရှိ အစိုးရဝန်ကြီးများနှင့် လွှတ် တော် ကိုယ်စားလှယ်များတွင် အချို့မှာ အသက်အရွယ်နှင့် ကျန်းမာရေးအခြေ အနေအရ အနားယူကြတော့မည်ဟု ပြည်ခိုင်ဖြိုးပါတီထံမှ သိရသည်။

” ပြန်ရွေးခံမယ်လို့တော့ ပါတီကို Proposal (အဆိုပြုလွှာ) တင်ထားတယ်။ ဘယ်မဲဆန္ဒနယ်ကနေ အဝင်ရွေးခံ ဖြစ် မယ်ဆိုတာကတော့ မပြောနိုင်သေးဘူး}}ဟု သရက်ချောင်း မဲဆန္ဒနယ် ၂ မှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးထွေးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၏မူအရ ပါတီ၏ ဦးဆောင်မှု ဖြင့် ရှေ့ဆက်သွားနေသည့် အတွက် ပါတီမှ တာဝန်ပေးအပ်သည့် မဲဆန္ဒနယ် တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ဦးစိုးထွေးက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝင် လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၃ ခုနှစ် ကတည်းကပင် နောက်ရွေးကောက်ပွဲ ဝင်မဝင်ကို ကိုယ်စားလှယ်လောင်းများ ၏ သဘောထား ဆန္ဒကောက်ယူထားခဲ့ သည်ဟု ယင်းပါတီထံမှ သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ် အား လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း သိရသည်။
အတိုက်ခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကမူ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ပြီးမှသာ ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မည်ဖြစ်သော်လည်း မြို့နယ်အသီးသီး ကမူ ၎င်းတို့မြို့နယ်များအလိုက် ကိုယ်စား လှယ် လောင်းများကို လျာထားရွေးချယ် ထားပြီးဖြစ်သည်ဟု NLD ပါတီ တိုင်း အတွင်းရေးမှူး ဦးမြင့်မောင်မောင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲဥပဒေအရ မြို့နယ် ၁၀ မြို့နယ်အတွက် တိုင်းဒေသကြီး လွှတ် တော်မဲဆန္ဒနယ် ၂၀ နေရာ၊ အမျိုး သား လွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေ ရာ၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် ၁ နေရာ စုစုပေါင်း ၄၃ နေရာခန့်ရှိ မည်ဖြစ်ပြီး မွန်တိုင်းရင်းသားကိုယ်စား လှယ် နေရာအတွက်ကိုမူ ရွေးချယ်ခံခွင့် ရှိမရှိကို အတည်မပြုနိုင်သေးပေ။
၂၀၁၅ ခုနစ် အထွေထွေ ရွေး ကောက်ပွဲကို နိုဝင်ဘာလ ၈ရက်နေ့ တွင် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ တင်သွင်းရမည် ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။