အီတာလျံ-ထိုင်း ထားဝယ်ပြန်လာမည်

0
424

ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီဖြစ် သည့် အီတာလျံ-ထိုင်းကုမ္ပဏီက ထားဝယ် အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင် အထည်ဖော်ရန် မြန်မာအစိုးရ နှင့် သဘောတူညီချက်တရပ် မကြာမီ ရေးထိုးဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ အခြေ စိုက် ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားဖော်ပြသည်။


အီတာလျံ-ထိုင်းကုမ္ပဏီ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဆုန်ချတ် သီနာပွန်က အီတာလျံ-ထိုင်းကုမ္ပဏီ သည် ၎င်းပါဝင်သည့် ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီအနေဖြင့် စက်မှုဇုန်  အကောင်အထည်ဖော်ရန် သဘောတူညီ ချက်ကို ဇူလိုင်လ ၂၄ ရက်တွင် ရေးထိုး သွားမည်ဟု ပြောကြားသည်။

km-1300
ယင်း သဘောတူညီချက်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ၃၂ စတုရန်း ကီလိုမီတာ (ရိုင်  ၂၀၀၀၀) အကျယ်ရှိမည့် မြေနေရာကို ဘတ်သန်း ၂၀၀၀၀ (ကျပ်သန်း ၆၀၀၀၀၀ ဝန်းကျင် ) ဖြင့် စတင်လုပ်ကိုင်မည်ဖြစ်ပြီး ခွင့်ပြုကာလ မှာ အနှစ် ၇၀ ဖြစ်သည်။
မစ္စတာဆုန်ချတ်က ထားဝယ်တွင် လုပ်မည့် စီမံကိန်းအတွက် စုစုပေါင်း ဘတ်သန်း ၃၀၀၀၀ (ကျပ်သန်း ၉၀၀၀၀၀ ဝန်းကျင်) ကုန်ကျနိုင်ပြီး စီမံကိန်းကို ထပ်ချဲ့မည်ဆိုပါက မြေဧက ၁၆ စတုရန်း ကီလိုမီတာ (ရိုင် တစ်သောင်း) ထပ်မံလို အပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထပ်မံလိုအပ်နိုင်မည့်မြေအနေအထားကို မြန်မာအစိုးရနှင့် ညှိနှိုင်းနေဆဲ ဟုလည်း ဆိုသည်။
ယင်းအစီအစဉ်အရ ထိုင်းအစိုးရက မြန်မာအစိုးရအား အတိုးနှုန်း ၀.၁၀ ရာခိုင်နှုန်းဖြင့် ထားဝယ်မှ ထိုင်းနယ်စပ် သို့ ဆက်သွယ်ထားသည့် ၁၃၇ ကီလိုမီ တာရှည်လျားသည့်လမ်းဖောက်လုပ်ရန် ငွေချေးပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
မစ္စတာဆုန်ချတ်က ကုမ္ပဏီသည် စီမံကိန်းအတွက် ကောင်းကောင်း ပြင်ဆင် ထားပြီး ဖြစ်သည့်အတွက် စာချုပ်ချုပ်ပြီး သည်နှင့် စက်မှုဇုန်ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်သွားမည်ဟု ဆို သည်။
စီမံကိန်း အစီအစဉ်အရ အခြေခံ အဆောက်အအုံ၊ သဘာဝဓာတ်ငွေ့သို လှောင်ကန်၊ ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းအငယ်စားများ တည်ဆောက် သွားမည်ဟု ဆိုသည်။
ယခင်ကတည်ဆောက်ခဲ့သည့်အဆောက်အအုံများဖြစ်သည့်လမ်းများ၊ ရေတွင်းများရှိပြီး ဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများမှာ မြန်ဆန် လိမ့်မည်ဟုလည်း ဆိုသည်။ယခင်အပတ်ကထိုင်း၊ မြန်မာနှင့် ဂျပန်ကြား ရေးထိုးခဲ့သည့် အကြိုနား လည်မှု စာချွန်လွှာ memorandum of intent (MoI)  အရ ဂျပန်ကစက်မှုဇုန်၏ ဒီဇိုင်းနှင့်ငွေရေးကြေးရေး ကိစ္စရပ်များ အတွက် အဓိကအခန်းကဏ္ဍမှပါဝင်သွား မည်ဟု ဆိုသည်။
ထိုင်း၊ မြန်မာနှင့် ဂျပန်တို့က ထားဝယ်အထူးစီးပွားရေး ဇုန်အကောင် အထည်အဖော်ရေး ပင်မကုမ္ပဏီ (Special Purpose Vehicle-SPV) တွင် အချိုးကျပါဝင်မည်ဟု ဆိုသော် လည်း ဂျပန်က မည်မျှရင်းနှီးမြှုပ်နှံမည် ကိုထုတ်ဖော်ပြောဆိုထားခြင်း မရှိသေး ပေ။
စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်၊ ဒီဇိုင်းအသေးစိတ်နှင့် အခြားကိစ္စရပ်များ ကို သုံးနှစ်အတွင်း အသေးစိတ်ချမှတ် သွားမည်ဟု ဆုန်ချတ်ကဆိုသည်။