လေကြောင်းလိုင်း နှစ်ခု တနင်္သာရီခရီးစဉ် လက်မှတ်ဈေး အပြိုင်လျှော

0
436

မိုးရာသီတွင် တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် လေကြောင်းလိုင်းများအနက် လေကြောင်းလိုင်းနှစ်ခုမှ လက်မှတ် နှုန်းထား အပြိုင် ဈေးလျှော့ပြေး ဆွဲလာကြောင်း ထားဝယ်မြို့ အခြေ စိုက် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

ထားဝယ်သားပိုင် Apex လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းနှစ်ခုက ရန်ကုန်-ထားဝယ်နှင့် ထားဝယ်-ကော့သောင်း ခရီးစဉ်တို့ကို ငါးသောင်း ကျပ်ဝန်း ကျင်အထိ လျှော့ချကာ ပြေးဆွဲ လာကြသည်ဟု အထက်ပါလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။
” မန်းရတနာပုံက အရင် လျှော့တာ။ ပြီးမှ Apex ကလည်း လျှော့လာတယ်။ မိုးရာသီမို့ ဖြစ်မယ်” ဟု ထားဝယ်မြို့ရှိ ခရီး သွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ တာဝန်ခံက ပြောသည်။
apex-dawei-2
မန်းရတနာပုံလေကြောင်း လိုင်းမှာ ဇွန်လလယ်ခန့်က စတင် လျှော့ချခဲ့ပြီး နောက် ဗစနထ လေ ကြောင်းလိုင်းက ဇူလိုင်လ အတွက် ထားဝယ်-ရန်ကုန်နှင့် ထားဝယ် ကော့သောင်းခရီးစဉ်ကို ၄၉၀၀၀ ကျပ်အထိ လျှော့ချခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်း လေကြောင်းလိုင်းနှစ်ခုမှ လေယာဉ် လက်မှတ်ဈေးနှုန်းကို ယခင် ကျပ် ၆၀၀၀၀ ကျော်မှ ၅၀၀၀၀ ဝန်းကျင်သို့ လျှော့ချခဲ့ ခြင်းဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအသိုင်း အဝိုင်းထံမှ သိရ သည်။

Yangon Airway က အနည်းငယ် လျှော့ချသည်မှအပ ကျန်လေကြောင်း လိုင်းများမှာ ယခင်အတိုင်း ၆၀၀၀၀ ကျပ်ဝန်းကျင်နှင့် အထက်တွင်ရှိနေ သေးသည်ဟု အထက်ပါ အသိုင်းအဝိုင်း ထံမှ သိရသည်။
တနင်္သာရီတိုင်း ခရီးစဉ်ကို မြန်မာ့ လေကြောင်းလိုင်း၊ Yangon Airway ၊ Air Mandalay ၊ Apex ၊ Golden Myanmar ၊ Air KBZ နှင့် မန်းရတနာပုံ လေကြောင်း လိုင်းတို့ သတ်မှတ်ရက်ဖြင့် ပြေးဆွဲလျက် ရှိပြီး မြန်မာ့လေကြောင်းလိုင်းနှင့် Apex လေကြောင်းလိုင်းတို့က နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။