စိတ်ကြွဆေးပြား ၁၀၀၀ ကျော် ဖမ်းမိ

0
510

ထားဝယ်တွင် ဇွန်လ ၂၄ ရက်နေ့ က မူးယစ်ဆေးဝါးအမှု နှစ်ခုမှ စိတ်ကြွ ဆေးပြား ၁၀၀၀ ကျော် ဖမ်း ဆီးရမိခဲ့ ကြောင်း ထားဝယ်မြို့နယ် ရဲစခန်းမှ သိရသည်။
အထူးသတင်းအရ ဆန်းချီ ရပ်ကွက် သုခလမ်းရှိ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး၏ နေအိမ် သို့ ယင်းနေ့ နံနက် ၁၁ နာရီတွင် ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြား ၁၄၃ ပြားနှင့် အခြား ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ ကြောင်း အထက်ပါ ရဲစခန်း၏ မှတ်တမ်းအရ သိရသည်။

အထက်ပါ လူငယ်၏ ထွက်ဆို ချက်အရ ယင်းရပ်ကွက် မေတ္တာလမ်း တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ ယင်းစိတ်ကြွဆေးပြားများ ရရှိသည်ဟု သိရသည်။
ထို့ကြောင့် ယင်းနေ့ ညနေ ၃ နာရီတွင် ထိန်သစ်ရပ် မင်္ဂလာ သီတာ လမ်းတွင် အထက်ပါ အမျိုးသား မောင်းနှင်လာသည့် ကားအား စစ်ဆေး ရန် ရပ်တန့်ခိုင်းစဉ် ကားပေါ်မှ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ရဲစခန်း မှတ်တမ်းတွင် ဖော်ပြသည်။

မော်တော်ယာဉ်တွင် ရှာဖွောရာ စိတ်ကြွဆေးပြား ၉၅၀ ပြားကို သိမ်း ဆည်းရမိကြောင်း သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူ လူငယ်နှင့် ထွက်ပြေး လွတ်မြောက်နေသည့် အမျိုးသားကို မူးယစ် ပုဒ်မ ၁၅/ ၁၉(က) အရ အမှုဖွင့် အရေးယူထား ကြောင်း အထက်ပါ မှတ်တမ်းတွင် ဖော်ပြသည်။