ထားဝယ် ယာဉ်လိုင်းများ တိုက်ခိုက်ခံရမှု ပဋိပက္ခအသွင် ဆောင်လာနိုင်

0
560

မော်လမြိုင် – ရေး လမ်းပိုင်းတွင် ထားဝယ် ခရီးသည်တင်ယာဉ်များ ညအချိန် ဖြတ်သန်းမောင်းနှင်စဉ် လေးခွ၊ ကျောက်ခဲများဖြင့် ဆက်တိုက် ပစ်ခတ်ခံလာရသည့်အတွက် တစ်ဖက် နှင့် တစ်ဖက်အကြား ပဋိပက္ခအသွင် ဆောင်လာနိုင်သည်ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင် ယာဉ်လိုင်း တာဝန်ခံများက ပြောသည်။


အဆိုပါ လမ်းပိုင်းတွင် ၁၁လ အတွင်း ခရီးသည်တင်ယာဉ် ၁၇စီး  အပစ်ခံရပြီး အဝေးမှ လေးခွဖြင့် ပစ်ခြင်း၊ လမ်းနဘေးမှ အနီးကပ် ကျောက်ခဲဖြင့် ပစ်ခြင်းကြောင့် ယာဉ်များ၏ နံဘေးမှန်များကွဲခြင်း၊ အက်ကွဲခြင်း၊ ပေါက်ထွက်သွားခြင်း စသည်တို့ကို ကြုံရလျက်ရှိသည်။
ယခင်ပစ်ခတ်မှုများတွင် ယာဉ် လိုင်းများဘက်မှ တစ်စုံတရာမတုန့် ပြန်သော်လည်းဇွန်လ ၁၇ရက်နေ့ ည၆နာရီခန့်ကရေး-သံဖြူဇရပ်     လမ်းပိုင်းရှိ မော့ကနင်ကျေးရွာ  အနီးတွင် ကောင်းသစ်စံခရီးသည် တင်ယာဉ်အား ကျောက်ခဲဖြင့် အပစ်ခံခဲ့ရချိန်တွင် ယာဉ်နောက် လိုက်နှင့် ခရီးသည်များ ပြေးဆင်းကာ ကျောက်ခဲများဖြင့် အပြန်အလှန် ပစ် ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကောင်းသစ်စံ ခရီးသည်တင် ယာဉ်မောင်းထံမှသိရသည်။
” ဒီလို ပုံစံမျိုးဖြစ်နေရင် ပဋိပက္ခ အသွင်ကူးနိုင်တယ်၊ တုတ်နဲ့ သွားထိုးလို့ ပဒူဝိုင်း တုပ်သလိုမျိုး ဖြစ်လာနိုင်တယ်” ဟု မြို့ရွှေထားဝယ် ခရီးသည်တင်ယာဉ် လိုင်းတာဝန်ခံ ဦးအောင်သိန်းမှပြောသည်။ကနဦးက ခရီးသည်တင်ယာဉ်  များက ဆိုင်ကယ်များအား လမ်းဖယ် မပေးခြင်း၊ ညအချိန် မျက်နှာချင်းဆိုင် တွေ့ချိန်တွင် ယာဉ်မောင်းများက အဝေးမီးမှ အနီးမီး မပြောင်းခြင်း တို့ကြောင့် လမ်းနဘေးမှ ကျောက်ခဲဖြင့် အပစ်ခံရသည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် မှောင်ရိပ်ခိုကာ အဝေးမှလေးခွဖြင့် ပစ်ခတ်သည်များကို ကြုံလာရသည့် အတွက် အကြောင်းအရင်းကို အဖြေ ထုတ် မရဖြစ်နေသည်ဟု ယာဉ်လိုင်း တာဝန်ခံများက ပြောသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခံရ ပါက သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ရန် ယာဉ်မောင်းများအား ပြောထားသော်လည်း အမှုမဖွင့် ကြသဖြင့် ရဲတပ်ဖွဲ့မှ ရှာဖွေဖော် ထုတ်ဖမ်းဆီးမရဖြစ်ကာ လွတ်မြောက် နေသည်ဟု ၎င်းတို့က ပြောသည်။
ယာဉ်မောင်းများအနေဖြင့်လည်း ခရီးမိုင်ရှည် ဆက်မောင်းနှင်ရမည်ဖြစ်၍ ပစ်ခတ်ခံရသည့်အခါ သက်ဆိုင်ရာ ရဲစခန်း အမှုဖွင့် တိုင်ကြားပါက ခရီးစဉ် ကြန့်ကြန်နိုင်သဖြင့် မတိုင်ကြားဖြစ်ဘဲ၊ အခင်းဖြစ်သည့် အနီးဝန်းကျင်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုသာ တိုင်ကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါကိစ္စကို မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ယာဉ်လိုင်းများကတင် ပြရန် ဆန္ဒရှိကြသော်လည်းစုစုစည်း   စည်း မလုပ်ဖြစ်ကြသေးဟု ရွှေမြင်းပျံ ယာဉ်လိုင်း တာဝန်ခံ ဦးသောင်းလွင်က ပြောသည်။
” ခဏခဏ ဖြစ်နေရင်တော့ စိုးရိမ် စရာရှိတယ်” ဟု ဦးသောင်းလွင်က ဆိုသည်။ခရီးသည်ယာဉ်များ ပစ်ခတ်ခံရ လျှင် ယာဉ်မောင်းများမှ ယာဉ်လိုင်း များသို့ အသိပေးပြီးနောက် သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားပါကပြေလည် သွားနိုင်သည်ဟု တာဝန်ခံဦးအောင်သိန်း က ထောက်ပြသည်။
သို့သော် ပြီးခဲ့သည့်ဖြစ်စဉ်တချို့ တွင် ထားဝယ်မြို့နယ်ပုဂ္ဂလိကယာဉ် များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီမှ တယ်လီဖုန်းဖြင့် မွန်ပြည်နယ် မ.ထ.သသို့ အကြောင်း ကြားခဲ့ဖူးသည်ဟု သိရသော်လည်း ယခု အချိန်အထိ ကျောက်ခဲ၊ လေးခွဖြင့် ပစ်သူများကို တစ်စုံတစ်ရာ အရေးယူနိုင်ခြင်း မရှိသေးပေ။