” ရှင်မုတ္တီး ပြည်ခိုင်ဖြိုးရွာ” ဆိုင်း ဘုတ် ဖျက်ဆီးခံရ

0
606

ထားဝယ်မြို့နယ် ရှင်မုတ္တီး ကျေးရွာရှိ” ရှင်မုတ္တီး ပြည်ခိုင်ဖြိုးရွာ”  ဆိုင်းဘုတ် ဖျက်ဆီး ခံခဲ့ရကြောင်း ဒေသခံများနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထံမှ သိရသည်။ယင်း “ရှင်မုတ္တီး ပြည်ခိုင်ဖြိုးရွာ”ဟူသည့် ဆိုင်းဘုတ် ကို ဇွန်လ ၁၀ ရက်နေ့ ညက ဖျက်ဆီးခံခဲ့ရပြီး မည်သူ ဖျက်ဆီးခဲ့သည် ကိုမူ မသိရှိကြောင်း ရှင်မုတ္တီးကျေးရွာ သူရွာသားများက ပြောသည်။


pyi-khaing-phyo-village” အခုလို ပွင့်လင်း မြင်သာနေတဲ့ ခေတ်မျိုးမှာ အခုလိုမျိုး အကြမ်းဖက် ဖျက်ဆီးတာက မကောင်းပါဘူး။ ဒီလို မျိုးသာ တရားဥပဒေနဲ့ မညီဘဲ လုပ် နေတာတွေ ပိုဆိုးလာပြီး အကြမ်းဖက် မှုတွေ ဖြစ်လာမှာကို စိုးတယ်” ဟု ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တနင်္သာရီတိုင်း တွဲဖက် အတွင်းရေးမှူး ဦးနေမျိုးက ပြောသည်။
ပြည်ခိုင်ဖြိုးရွာ ဆိုင်းဘုတ်များကို ယခင် အစိုးရလက်ထက် ပြည်ခိုင်ဖြိုး အသင်း တည်ရှိစဉ် ကတည်းက စိုက် ထူခဲ့ကြခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုး အသင်းမှ ဆင်းသက်လာသည့် ပြည်ခိုင် ဖြိုးပါတီ အနေဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ် မဟုတ်ကြောင်း ဦးနေမျိုးက ပြောသည်။
” ဒီလိုမျိုး ဖျက်ဆီးတာတော့ မကောင်းပါဘူး။ တကယ်လို့ ပါတီ တစ်ခုခုက ဖျက်ဆီးတာဆိုရင် နောင်တ ချိန်မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်း ဖို့ ခက်သွား လိမ့်မယ်” ဟု ရှင်မုတ္တီး ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယင်း ပြည်ခိုင်ဖြိုးရွာ ကိစ္စနှင့် ပက်သက်၍ ပြည်သူ့လွှတ်တော် အ တွင်း ဆွေးနွေးခဲ့ဖူးပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြည် ခိုင်ဖြိုးရွာ ဆိုင်းဘုတ်များကို စိုက်ထူခွင့် မရှိကြောင်းနှင့် စိုက်ထူပါက အရေးယူ မည်ဖြစ်ကြောင်း ဖြေကြားခဲ့ဖူးသည်ဟု သရက်ချောင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကင်းစိန်က ပြောသည်။ရှင်မုတ္တီး ကျေးရွာရှိ ပြည်ခိုင်ဖြိုးရွာ ဆိုင်းဘုတ်သည် တနင်္သာရီတိုင်းဒေသ ကြီးအတွင်း တစ်ခုတည်းရှိသော ဆိုင်း ဘုတ်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုး ပါတီ ထံမှ သိရသည်။