ကျောင်းသူ ကျောင်းသား ပါဝင်သည့် သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေး စတင် စမ်းသပ်

0
623

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း များသော ထားဝယ်မြို့တွင် အခြေခံပညာ ကျောင်းသူ ကျောင်းသားများ ပါဝင်သည့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ် နှိမ်နင်းရေး အစီအစဉ်ကို ဇွန်လ ၁၀ ရက် နေ့က စတင် စမ်းသပ် ဆောင်ရွက်နေ ကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ဖွံ့ဖြိုးရေး ဘာသာရပ် သင်ကြား ချိန်၌ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး အသိပညာ ပေးပြီးနောက် ကျောင်းအတွင်းနှင့် ကျောင်းပတ် ဝန်းကျင်ရှိ နေအိမ်များတွင် ပိုးလောက် လန်း ရှာဖွေနှိမ်နင်းခြင်းကို ကျောင်းသူ ကျောင်းသားများက လက်တွေ့ ဆောင်ရွက် သည့် အစီအစဉ်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
students
ကျောင်းသူ ကျောင်းသားများ ၎င်းတို့ အိမ်သို့ ပြန်ရောက်သည့်အခါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးကို ဆင့်ပွား လုပ်ဆောင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျောင်းသားလူငယ်တွေ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းမှာ ပါဝင် ဆောင်ရွက် နိုင်အောင် စီစဉ်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယင်းအစီအစဉ်ကို ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ အခြေခံပညာ အထက် တန်းကျောင်း၊ အလယ်တန်း ကျောင်း၊ မူလတန်း ကျောင်းများတွင် တပြိုင်နက် တည်း ပြုလုပ်ခဲ့ပြီး ရက်သတ္တပတ် လေးပတ် ဆက်တိုက် ပြုလုပ်သွားမည်ဟု တိုင်း ဒေသကြီး ကျန်းမားရေး ဦးစီးဌာနထံမှ သိရသည်။
ထို့အပြင် ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့၌ လည်းကောင်း၊ ပေါက်တိုင်းမှ ရှင် မုတ္ထီးကျေးရွာ အထိ လမ်းတလျှောက်ရှိ ကျေးရွာများတွင် ဇွန်လ ၁၂ ရက်နေ့၌ လည်းကောင်း ဆက်လက် ပြုလုပ်သွား မည်ဟု ကျန်း မာရေး ဝန်ထမ်းများထံမှ သိရသည်။
“ကျောင်းနားက နေအိမ်တွေမှာ ခြင်သားပေါက်( ပိုးလောက်လန်း)တွေ ရှာပြီး ခြင်မပေါက်နိုင်အောင် လုပ်တယ်။ အိမ်ရောက်ရင် ပိုးလောက်လန်းတွေ ရှာဖွေရဦးမယ် ” ဟု မောင်မယ် ရှောင်ကျေး ရွာမှ ကျောင်းသားတစ်ဦးက ဆိုသည်။

အခြေခံပညာ ကျောင်းသူ ကျောင်းသား များ ပါဝင်သော သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နင်းရေးစီစဉ်ကို တိုင်းအတွင်းရှိ မြို့နယ် အားလုံးရှိ စာသင်ကျောင်းများတွင် ပါဝင်လုပ်ဆောင် နိုင်ရန် ရည်ရွယ်ထားကြောင်း တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။