ကလိန်အောင်တွင် ဟိုက်ဂျက် တစ်စီးမှောက် ၁၀ ဦးဒဏ်ရာရ

0
630

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရန်ကုန်-ထားဝယ် လမ်းမကြီးပေါ်တွင် ဇွန်လ ၂ ရက်နေ့ နံနက်က ဟိုက်ဂျက် တစ်စီး တိမ်းမှောက်ခဲ့ပြီး လူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ် ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။


ရှင်ကိုးရှင် ဘုရားဖူးသွားရန် မောင်းနှင်လာသည့် အထက်ပါ ဟိုက် ဂျက်သည် ကလိန်အောင် အမှတ်(၃) ရပ်ကွက် မိုင်တိုင်အမှတ် ၄၅/၄ တွင် ရှေ့ဘီးပေါက်ကာ လမ်းယာ ဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါ ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ကားမှောက်မှုကြောင့် ယာဉ်မောင်း အပါအဝင် လူ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရ လူနာများအား ကလိန်အောင် ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း အထက်ပါ မှတ်တမ်းအရ သိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းသူအား ကလိန်အောင် နယ်မြေ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၃၇ / ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။