တနင်္သာရီ တိုင်း မဲဆန္ဒရှင်စာရင်း မြို့ နယ် အများစုတွင် ဇွန်လ ၈ ရက်နေ့ ကြေညာမည်

0
624

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိမြို့နယ် အများစုတွင် မဲဆန္ဒရှင် စာရင်းကို ဇွန်လ ၈ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မှ သိရသည်။


မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့က မြို့နယ် ၈ ခုတွင် မဲဆန္ဒရှင်စာရင်းများ ပြီးစီးနေပြီဖြစ်သည့်အတွက် ဇွန် လ ၈ ရက်နေ့တွင် စကြေညာတော့မည် ဖြစ်ကြောင်း သိရသည်။
သို့သော် ကော့သောင်းခရိုင်ရှိ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ် တို့တွင်မူ မဲဆန္ဒရှင် စာရင်းပြုစုနေဆဲ ဖြစ်သည့်အတွက် ဇွန်လ ၂၂ ရက် နေ့မှသာ ကြေညာနိုင်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ပြောသည်။
” မြို့ပေါ်မှာဆိုရင် ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတွေမှာ ကပ်မယ်၊ ကျေး လက်မှာ ဆိုရင်တော့ အုပ်ချုပ်ရေးမှူး ရုံးအပြင် ကျေးရွာခွဲတွေက ဈေး ဒါမှမဟုတ် လူစည်ကားတဲ့နေရာမှာ ကပ်မယ်” ဟု ဦးထိန်လင်းဦးက ပြော သည်။
မဲစာရင်းကို ၁၄ ရက်ကြာ ကပ် ထားပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် မိမိအမည် ပါမပါကို ကြည့် ရန်နှင့် မပါပါက တောင်းဆိုခြင်း၊ နာမည်ပါသော်လည်း အချက်အလက် တစ်ခုခု မှားယွင်းနေပါက ပြင်ဆင်ခြင်း နှင့် မဲမပေးသင့်သူပါနေပါက ပြန် ဖျက်ခြင်းတို့ကို ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်မှတဆင့် လုပ်ဆောင်နိုင် မည်ဖြစ်သည်။
” ဒါကြောင့် လူတွေ လာကြည့်ဖို့ပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။
မဲဆန္ဒရှင်စာရင်းကို ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးရုံး တစ်နေရာတည်းတွင် သာ ကပ်မည်ဆိုပါကာ လူတိုင်းအတွက် အဆင်ပြေမည်မဟုတ်ဟု ထားဝယ်တက် ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြော သည်။
” တကယ်လို့ အုပ်ချုပ်ရေးမှူးရုံး တစ်ခုတည်းမှာ ကပ်မယ်ဆိုရင် မိတ္တူ တွေတောင်းပြီး မဲဆန္ဒစာရင်းကြည့်ဖို့ အဆင်မပြေဖြစ်နေတဲ့ ကျန်တဲ့ရပ်ကွက် တွေမှာ လိုက်ကပ်ပေးမယ်” ဟု ၎င်း က ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်း ၇ သိန်းခွဲခန့်ရှိမည်ဟု မူလက ခန့်မှန်းထားသော်လည်း လက် ရှိစာရင်းပြုစုပြီးနှင့် ပြုစုဆဲ အခြေ အနေအရ ၈ သိန်းခွဲခန့်ရှိသည်ဟု တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အခြေခံ မဲဆန္ဒရှင်စာရင်းကို ဖေဖော် ဝါရီလက စတင်ပြုစုခဲ့ကြောင်း သိရ သည်။