မောင်းမကန် ကမ်းနဖူး ဆိုင်တန်းများ ဇူလိုင်လကုန် ရွှေ့ရမည်

0
636

မောင်းမကန် ကမ်းခြေ ကမ်းနဖူးရှိ ဆိုင်တန်းများကို ဇူလိုင်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။


မေလ ၁၇ ရက်နေ့ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ကမ်းခြေ စားသောက်ဆိုင်ပိုင်ရှင်များ တက်ရောက် သည့် မောင်းမကန်ကမ်းခြေဆိုင်တန်းများ ကိစ္စ အစည်းအဝေးတွင် ယင်းသို့ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ်းနဖူးတလျှောက်ရှိ ဆိုင်တန်း များအား ဖယ်ရှားလျှင်ကမ်းခြေ၏ သဘာဝအလှ ပေါ်လွင်လာမည်ဖြစ်၍ ကနဦး ဘန်ဂလိုများကို ခြံစည်းရိုး သတ်မှတ်ပြီး၊ ခြံစည်းရိုးမှ အပြင်ဘက် ပေ ၅၀အတွင်းဆိုင်များေ ရာင်းချရန် နေရာ သတ်မှတ်သွားမည်ဖြစ်ကြောင်း မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယူသိန်းကပြောဆိုသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း အကောင်အထည်ဖော်မည်ဆို လျှင် ရွှေ့ပြောင်းရမည့်ဆိုင်ခန်းပေါင်း ၆၀ ကျော်ရှိမည် ဖြစ်သည်။မူလဆိုင်၏ အကျယ်အဝန်းအတိုင်း ပြန်လည်ရောင်းချ ခွင့်ပြုမည်ဟု ပြောထားသော်လည်း  ရွှေ့ပြောင်းရမည့်နေရာသို့ ဧည့်သည်များ လာရောက်နိုင်ရန် လမ်းမကြီးမှကမ်းခြေ သို့ ဆင်းသည့်လမ်းဟောင်းများကို    ပြန်လည်ဖော်ထုတ်ပေး၊ အသစ်ဖောက် လုပ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဆိုင်ရှင်များကပြောသည်။