ထားဝယ် အနုပညာလျှောက်လမ်း အစီအစဉ်အတွက် သီချင်းဖိတ်ခေါ်

0
621

ထားဝယ်ဒေသတွင် အခြေချ နေထိုင်သည့် အနုပညာရှင် ရွက်ပုန်း သီးများ ပုံမှန် လျှောက်လှမ်းနိုင်သည့် ဒေသတွင်း အနုပညာ လျှောက်လမ်း တစ်ခု ပေါ်လာစေရန် ရည်ရွယ်ပြီး ထားဝယ်အနုပညာ လျှောက်လမ်း အစီ အစဉ်မှ သီချင်းများ ဖိတ်ခေါ်လျက်ရှိ ကြောင်း စီစဉ်သူများထံမှ သိရသည်။


invite-for-songs-detailsအဆိုပါ အစီအစဉ်မှ သီချင်းခွေ တစ်ခွေကို ထုတ်ဝေရန် ပထမအဆင့် အတွက် တေးသီချင်းများကို မေလ    နောက်ဆုံးအပတ်က စတင်  ဖိတ်ခေါ် လျက်ရှိပြီး ဇွန်လ ၁၀ ရက်နေ့ နောက် ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရ သည်။
ဇွန်လအတွင်း၌ တေးသီချင်း များကို ရွေးချယ်ပြီးနောက် သီချင်း ဆိုသူများကို ထပ်မံ ဖိတ်ခေါ် သွား မည်ဖြစ်ကြောင်း စီစဉ်သူများ အနက် တစ်ဦးဖြစ်သည့် တေးရေး၊ တေးဆို ကိုငြိမ်းမိုးက ပြောသည်။
” အရုပ်ပါလုပ်ရင် ငွေရေး ကြေးရေး အခက်အခဲရှိလို့ Audio အဆင့် ခွေတစ်ခွေကို စလုပ်မယ်၊ စိတ်ဝင်စားတဲ့ အလှူရှင်တွေ ပေါ် လာရင် အသံရော၊ ရုပ်ပါ ဖြစ် ကောင်း ဖြစ်သွားမယ်” ဟု ကိုငြိမ်းမိုးက ဆို သည်။
ထားဝယ် ဒေသအတွင်းရှိ ဂီတ ဝါသနာရှင်များ၊ ပါရမီရှင် ရွက်ပုန်း သီးများ စုစည်းမိပြီး အချိတ်အဆက် ရှိလာစေရန်၊ ဝါသနာအရ ဖန်တီး ထား သည့် သီချင်းများ ပရိသတ် နားဆင်နိုင် သည့် အဆင့်သို့ ရောက်လာစေရန်၊ အနုပညာ လမ်းကြောင်းကို နောက်တစ်ဆင့် ဆက်လျှောက်လှမ်း ရန်အတွက် ယုံကြည် မှု ရှိလာစေရန် ရည်ရွယ်၍ စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအခွေတွင် ရွေးချယ်ခံသည့် သူများ သီဆိုမည့် သီချင်း ၁၀ပုဒ် အပြင်  လက်ဆောင်သီချင်း ၄ ပုဒ် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
” အခုလို လုပ်ပေးတာ ကောင်း တယ်၊ ထားဝယ်သား တေးရေး ဆရာနဲ့ အဆိုတော်တွေ ပေါ်လာနိုင်တယ်၊ အဆို ပြိုင်ပွဲဝင်၊ မဝင်ဆိုတာကိုတော့ စဉ်းစား ရဦးမယ်” ဟု သီချင်းဆို ဝါသနာရှင် ထားဝယ်မြို့ခံ ကိုစိုးမြတ်က ဆိုသည်။
ထားဝယ်အနုပညာ လျှောက် လမ်း အစီအစဉ်သို့ သီချင်းပေးပို့ ပူးပေါင်းလိုသူ များသည် ထားဝယ် ခရိုင်အတွင်း အခြေချနေထိုင်သူ ဘာ သာလူမျိုးမရွေး မည်သူမဆို မိမိ ရေးသားထားသည့် ကိုယ်ပိုင်သံစဉ် ခေတ်ပေါ်သီချင်းတစ်ပုဒ် ပေးပို့နိုင်ကြောင်း ယင်းအစီအစဉ် ကြော်ငြာ တွင် ဖော်ပြသည်။
မည်သည့် အမျိုးအစား မဆို၊ မည်သည့် အကြောင်းအရာ မဆို သီချင်းကို တူရိယာတစ်ခုခုဖြင့် အသံ သွင်းကာ စီဒီဖြင့် ပေးပို့ရမည် ဖြစ်ပြီး သီချင်းစာသား အပြည့်အစုံ ပါရ မည်ဖြစ်ကြောင်း၊ သီချင်းကို ကိုယ်တိုင် လာရောက် ပေးပို့ရမည်ဖြစ်ပြီး ငွေကြေး ဆိုင်ရာ ခံစားခွင့် တစ်စုံတစ်ရာ ရမည် မဟုတ် စသော အချက် ၇ ချက် ကို အထက်ပါ အစီအစဉ်မှ အသိပေးထား သည်။