လာမည့် ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ မြို့နယ် ၅ ခုတွင် ဝင်ပြိုင်မည်

0
470

လာမည့် ၂၀၁၅ ခုနှစ် ပြည်လုံး ကျွတ် ရွေးကောက်ပွဲတွင် ထားဝယ် တိုင်းရင်းသားများပါတီမှ မြို့နယ် ၅ ခုရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ (ဗဟို) ဥက္ကဋ္ဌဦးအေးမင်းက ပြောကြား သည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ် မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံး မြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ မဲဆန္ဒနယ် များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
” ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ် စားလှယ်များကို လျာထားပြီး ဖြစ်တယ်” ဟု ဦးအေးမင်းက ဆိုသည်။
အဆိုပါ ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော မဲဆန္ဒနယ် အသီး သီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ် စာရင်းတောင်းခံလာသည့် အချိန်တွင် အဆင်သင့်ဖြစ်စေရန် စီစဉ် လျက်ရှိသည်ဟု ထားဝယ်တိုင်းရင်းသား များပါတီ(ဗဟို)ထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ထားဝယ်တိုင်ရင်းသား သိက္ခာရှိစွာ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရေး တို့အတွက် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။
ရွေးကောက်ပွဲကို ယခုနှစ် အောက် တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်း တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်နှင့် ပါတီပေါင်းစုံ တို့ မေလ ၁၈ ရက်နေ့က တွေ့ဆုံချိန် တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း အထက်ပါပါတီမှ သိရသည်။
ထားဝယ် တိုင်းရင်းသားများပါတီ ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ တွင် မှတ်ပုံတင်ခွင့်ရခဲ့ပြီး ထားဝယ်မြို့တွင် ပါတီဗဟို ရုံးစိုက်ကာ လောင်းလုံးမြို့၊ ကော့သောင်းမြို့တို့တွင် မြို့နယ်ရုံးခွဲ များ၊ ကျေးရွာများတွင် ရပ်^ကျေးရုံး ခွဲများကို ဖွင့်လှစ်ထားသည်ဟု သိရ သည်။