ဘန်းချောင်း ကျောက်မီးသွေးတွင်းကိစ္စ မဖြေရှင်းက ပြဿ နာ ပိုကြီးထွားလာနိုင်

0
592

ထားဝယ်မြို့နယ်၊ ဘန်းချောင်း ဒေသရှိ ကျောက်မီးသွေးတွင်းနှင့် ဆက် စပ်သည့် ပြဿ နာများကို မဖြေရှင်းပါက ကုမ္ပဏီနှင့် ဒေသခံများအကြား ပြဿ နာ ပိုမိုကြီးထွားလာနိုင်သည်ဟု ကုမ္ပဏီ၊ ကေအင်န်ယူနှင့် ဒေသခံများ တွေ့ဆုံဆွေးနွေး နိုင်ရန် စီစဉ်ဆောင် ရွက်နေသူတစ်ဦးဖြစ် သည့် ဦးစောဖော ဆာက ပြောကြားသည်။

ကျောက်မီးသွေးနှင့် ဆက်စပ်သည့် ပြဿ နာများကိုညှိနှိုင်းအဖြေရှာရန် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ကျောက်မီးသွေးလုပ်ကိုင်နေသည့် နasအ Sအမေ ကုမ္ပဏီ၊ ကရင်အမျိုးသားအစည်း အရုံး (KNU) မှ ဗဟို၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှ တာဝန်ရှိသူများကို ဖိတ် ကြားခဲ့သော်လည်း ကုမ္ပဏီနှင့် ကေအင်န်ယူတို့မှ တာဝန်ရှိသူတစ်ဦးမှ ရောက်မလာခဲ့ဟု ဦးစောဖောဆာက ပြောသည်။
” သူတို့ အခုလို လာမတွေ့ဘဲ မဖြေရှင်းတာက ပြဿ နာ ပိုပြီးကြီး လာနိုင် တယ်။ သူတို့က ရှောင်နေပြီး ဒေသခံတွေက အမြဲခံနေရတော့ ဘယ်အချိန်မှာ ဘာတွေ ဆက်ဖြစ် လာမယ်ဆိုတာ အာမမခံနိုင်ဘူး ” ဟု ၎င်းက ဆိုသည်။
ကုမ္ပဏီနှင့် ဒေသခံများအကြား သဘောတူထားသည့် မြေဧက ၆၀ ထက် ကျော်လွန်ကာ ကုမ္ပဏီက ကျောက်မီးသွေး တူးဖော်ရန် စမ်းသပ်နေသည့်ကိစ္စ၊ ကျောက်မီးသွေးတွင်း မီးလောင်သည့် ကိစ္စနှင့် ကျောက်မီးသွေး တူးဖော်ရာက ထွက်လာသည့်ရေများ ချောင်းအတွင်း လျှံကျသည့်ကိစ္စတို့ကို ဖြေရှင်းရန် ဖိတ်ခေါ် ရခြင်း ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီနှင့် ကေအင်န်ယူတို့က တာဝန်ရှိသူများ မလာခဲ့သည့်အစည်း အဝေးကို ဒေသခံဦးရေ ၈၀ ကျော် တက် ရောက်ခဲ့ပြီး ဒေသခံများ တိုင်ပင်ကာ ကုမ္ပဏီ၏ ထိုင်းနိုင်ငံသို့ ကျောက်မီးသွေး သယ်ယူနေသည့် လမ်းကို သစ်ပင်နှစ်ပင် ခုတ်လှဲကာ ပိတ်ခဲ့ကြောင်း ဦးစောဖောဆာ ထံမှ သိရသည်။
ကုမ္ပဏီက နောက်တစ်နေ့တွင် လမ်း ပိတ်ထားသည့် သစ်ပင်နှစ်ပင်ကို လာ ရောက် ရှင်းလင်းခဲ့သော်လည်း နောက်ထပ် ထပ်မံပိတ်ဆို့ရန် ဒေသခံများ စီစဉ်နေကြ သည်ဟု ၎င်းထံမှ သိရသည်။
လမ်းပိတ်ရခြင်းမှာ ကုမ္ပဏီဘက်မှ တာဝန်ရှိသူများ ဒေသခံများနှင့် လာ ရောက်တွေ့ဆုံစေရန် ရည်ရွယ်ကာ ပိတ်ဆို့ ခြင်းဖြစ်ကြောင်း ဦးစောဖော ဆာက ပြော သည်။
“ကျေးရွာတွေက ပြဿ နာကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်ကြတာ။ ဒေသခံတွေ သည်းမခံနိုင်လို့ ပေါက်ကွဲပြီး မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်လာမှာကို ပဲ စိုးရိမ်တယ်
” ဟု တာကပေါအဖွဲ့မှ နော်ပီသလောက ဆိုသည်။
ကျောက်မီးသွေး သယ်သည့်လမ်း ကို ယခင်က နှစ်ကြိမ်တိုင်တိုင်ပိတ်ခဲ့ ဖူးပြီး ပထမဆုံးအကြိမ် သစ်ပင်ခုတ် လှဲကာ ပိတ်စဉ်က ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ ခဲ့ဖူးကာ ဒုတိယအကြိမ် ဆိုင်းဘုတ် ထောင်၍ ပိတ်ခဲ့ရာတွင်မူ ကုမ္ပဏီ က ဖယ်ရှားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။