ထားဝယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဖွဲ့မည်

0
727

ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ကို မေလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရ သည်။


ဒေသဖွံဖြိုးမှု အခြေအနေနှင့် လို အပ်ချက်အရ ထားဝယ်ခရိုင် ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ယင်းအသင်းမှ ဒု-ဥက္ကဌ ဦးထိန်ဝင်းက ပြောဆိုသည်။
” ယာယီ အလုပ်အမှုဆောင် အ ဖွဲ့ကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက် တင်မြှောက်မယ်၊ ယာယီ အလုပ် အမှုဆောင် သက်တမ်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလအထိ သတ်မှတ်ထားတယ် ” ဟု ခရိုင်အသင်း ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးတင်အောင်သန်း က ပြောသည်။
ထားဝယ်ခရိုင်အတွင်း ဖွဲ့စည်း ထားသော စီးပွားရေးလုပ်ငန်း အသင်း အဖွဲ့ တစ်ခုစီမှ အသိအမှတ်ပြု စေ လွှတ်သော ကိုယ်စားလှယ် တစ်ဦးစီအား ယာယီ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တိုက်ရိုက် ပါဝင်ခွင့်ရှိသည်ဟု အသင်း အဖွဲ့  စည်းမျဉ်းအရ သိရသည်။
” ဘာလုပ်မယ်ဆိုတာ စောင့် ကြည့် ရဦးမယ် ” ဟု ထားဝယ်မြို့ခံ ရော်ဘာလုပ် ငန်းရှင်တစ်ဦးက ပြော ဆိုသည်။
မြိတ်ခရိုင်ကုန်သည်များနှင့် စက် မှုလက်မှု လုပ်ငန်းရှင်များအသင်းကို ၂၀၁၂ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်းပြီး ကော့သောင်း နယ်စပ်ကုန် သည်များအသင်းကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်ဖွဲ့စည်း ထားသည်ဟု သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းကို ၁၉၉၁ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သည်။