ရေတွင်းတူးရာမှ အုတ်ခွက် ဘု ရားများတွေ့

0
739

လောင်းလုံးမြို့နယ် ထိန်တွင်း ကျေးရွာတွင် ပြီးခဲ့သည့် အပတ်က ရေတွင်းတူးရာမှ အုတ်ခွက် ဘုရားများ တူးဖော်တွေ့ရှိသည်ဟု အိမ်ရှင် ဒေါ်ပိုတင်ထံမှ သိရသည်။


ယင်းကျေးရွာ ကမ်းနားလှေ ဆိပ် သို့ ဆင်းသည့်လမ်း အိမ်အမှတ် ၆၀တွင် ရေတွင်းတူးပြီး မြေစာပုံများ ကို ဖြည်စဉ် ယင်းအုတ်ခွက် ဘုရားများနှင့် ကျိုးပဲ့နေ သည့် ဘုရားအပိုင်း အစများကို တွေ့ရ သဖြင့် ထိန်တွင်း ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် လှူဒါန်းခဲ့ ကြောင်း ဒေါ်ပိုတင်က ပြောသည်။ow-khwet
” ဘုရားတွေကို  တွေ့တဲ့ မြေစာ ပုံက တစ်ပေလောက်က တူးထားတဲ့ မြေတွေပါ ” ဟု ရေတွင်း တူးဖော်သူက ပြော သည်။
ယင်းဘုရားများနှင့် ဘုရားအပိုင်း အစများကို ထိန်တွင်းဘုန်းတော်ကြီး ကျောင်းမှ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှု ပြတိုက်သို့လှူဒါန်းခဲ့ သည်ဟု သိရသည်။
ရှေးဟောင်းပစ္စည်းများကို ထိန် တွင်းကျေးရွာတွင် တွေ့ရှိလေ့ မရှိသည့် အပြင် ဘုရားများနှင့် ဘုရားကျိုး အပိုင်းအစများကို တွေ့ရှိသည့် နေရာ အနီးတဝိုက်တွင် ဘုရား၊ စေတီပုထိုးများ မရှိသဖြင့် ယင်းဘုရားများကို အခြား နေရာတစ်ခုမှ သယ်ယူပြီး မြှုပ်နှံ ထားခြင်း ဖြစ်နိုင်ကြောင်း ရွာခံအချို့နှင့် ရှေးဟောင်းပစ္စည်း လေ့လာသူများက ယူဆကြသည်။
ယင်းအုတ်ခွက် ဘုရားများသည် ပုဂံခေတ် လက်ရာဟု ယူဆရကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၊ ထားဝယ်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇံ က ပြောဆိုသည်။
တူးဖော်တွေ့ရှိသည်များမှာ အုတ် ခွက်ဘုရားကောင်း ၂ ဆူ၊ အုတ်ခွက် ဘုရား အပိုင်းအစ(ကြီး) ၂၂ခု၊ အုတ် ခွက်ဘုရား အပိုင်းအစ(အသေး) ၂၆ခု ဟု ထားဝယ်ရှေးဟောင်းယဉ်ကျေးမှု ပြ တိုက် မှတ်တမ်းအရသိရသည်။