ရန်ကုန်၊ မော်လမြိုင်ပို့မည့် လူနာများအတွက် ခရီးစရိတ် သတ်မှတ်

0
591

လူနာတင်ယာဉ် ဝန်ဆောင်မှု ရေ ရှည် ရပ်တည်လုပ်ကိုင်ရန်အတွက် ရန်ကုန်နှင့် မော်လမြိုင်သို့ ပို့ဆောင် ရမည့် လူနာများ အတွက် လူနာရှင်မှ သတ်မှတ် ခရီးစရိတ်ကို အကုန်အကျခံရ မည်ဟု ဇမ္ဗူသီရိမွန်မြတ်သော ကုသိုလ် ပြု အရေးပေါ်လူနာ ကူညီသယ်ယူရေး ကော်မတီထံမှ သိရသည်။

ထားဝယ်မှ မော်လမြိုင်သို့ ပို့ဆောင်လျှင် ခရီးစရိတ်အဖြစ်ကျပ် ၂ သိန်း၊ ရန်ကုန်သို့ ပို့ဆောင်လျှင် ကျပ် ၃၂၀၀၀၀ ကို လူနာရှင်ဘက်မှ ကုန်ကျ ခံရမည်ဟု ခရီးဝေး ဝန်ဆောင်မှုနှင့် ပက်သက်၍ အထက်ပါ ကော်မတီက ဈေးနှုန်း သတ်မှတ်ထားသည်။
ယင်း ကော်မတီသည် ပြီးခဲ့ သည့်နှစ် ဧပြီလမှ စတင်၍ ထားဝယ် ဒေသတွင်း အရေးပေါ် ထိခိုက် ဒဏ်ရာ ရသူများနှင့် အရေးပေါ် ဆေးရုံသို့ တင် ပို့လိုသူများကို အခမဲ့ ဝန်ဆောင်မှု ပေးလျက် ရှိသည်။
ရန်ကုန်မြို့သို့ ပို့ဆောင်ရာတွင် လူနာတင်ယာဉ် အသုံးပြုမည့်သူက သက်ဆိုင်ရာ ဆေးရုံဆေးကုသမှု မှတ် တမ်းနှင့် ထောက်ခံချက်၊ ပြစ်မှုကင်း ရှင်းကြောင်း ရဲတပ်ဖွဲ့၏ ထောက်ခံ ချက်များကို လူနာရှင်ဘက်မှ ရယူပေးရ မည်ဖြစ်ပြီး လူနာတင်ယာဉ်တွင် ကျန်းမာ ရေး အထောက်အကူပြု ဆရာမ အကူအညီ ဖြင့် ဝန်ဆောင်မှုပေးကာပို့ ဆောင်ပေး မည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ရှင်းပြသည်။
ရန်ကုန်မြို့အတွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ရှောင်းကွင်းပြီး အချိန် မီ ပို့ဆောင်မောင်းနှင်နိုင်ရန် ရန်ကုန်မြို့ရှိ အရေးပေါ် လူနာတင် ယာဉ်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးကျော်သူနှင့် ချိတ်ဆက်ကာ အမှတ် ၃ လမ်းဆုံ တိုးဂိတ်တွင် လူနာလွှဲပြောင်း မည်ဟု သိရသည်။