မီးဘေးသင့်သူ အများစု ကိုယ်ပိုင် အစီအစဉ်ဖြင့် နေအိမ်ပြန် ဆောက်မည်

0
752
ဧပြီ လ ၃၀ ရက်နေ့ မီးလောင်မှုမြင်ကွင်း ။ ဓာတ်ပုံ - တင့်လွင်

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် မီးလောင်မှုမှ မီးဘေးသင့်သူများအနက်  တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် ပေးမည့် အိမ်ကို လက်ခံမည့်သူထက် ကိုယ်ပိုင် အစီအစဉ်ဖြင့် နေအိမ်ပြန် ဆောက်မည့်သူ ပိုမိုများကြောင်း ကယ် ဆယ်ရေး စခန်းမှ သိရသည်။

တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရမည့် နေအိမ် ၂၂ လုံးသာရှိပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆောက်လုပ်မည့်သူ ၃၁ ဦးရှိကြောင်း ကယ်ဆယ်ရေး စခန်း စီမံခန့်ခွဲမှု ကော် မတီ ဥက္ကဋ္ဌ၊ ထားဝယ်ခရိုင် အုပ်ချုပ် ရေးမှူး ဦးသိန်းအောင်က ပြောသည်။

ကနဦးက မီးလောင်မှုကြောင့် အိုးလုပ်နှင့် ပိန္နဲတော ရပ်ကွက်တို့မှ နေအိမ် ၆၇ လုံး မီးလောင် ဆုံးရှုံးခဲ့ သည်ဟု ထုတ်ပြန်ထားသော်လည်း နောက်ဆုံးအဆင့် စိစစ်ချက်အရ မီးလောင်မှုတွင် ဆုံးရှုံးခဲ့သည့် လူနေ အိမ် ၅၃ လုံး သာရှိသည်ဟု ဦးသိန်း အောင်က ပြောသည်။

ဧပြီ လ ၃၀ ရက်နေ့ မီးလောင်မှုမြင်ကွင်း ။ ဓာတ်ပုံ - တင့်လွင်
ဧပြီ လ ၃၀ ရက်နေ့ မီးလောင်မှုမြင်ကွင်း ။ ဓာတ်ပုံ – တင့်လွင်

“အိမ်မှာက မိသားစုများလို့ သူတို့ ဆောက်ပေးတဲ့အိမ်က အဆင်မပြေဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆောက်မယ်”ဟု မီးဘေးသင့်ပြည်သူတစ်ဦးက ပြောသည်။

ကိုယ်ပိုင် အစီအစဉ်ဖြင့်ဆောက်လုပ်မည့်သူများကို သစ် ၄ တန်၊ သွပ်ပြား ၂၅ ပြားနှင့် ထောက်ပံ့ငွေ ၂၂သိန်း တို့ကို ထောက်ပံပေး မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆောက်လုပ်သည့် နေအိမ်များသည် တိုင်းအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် မည့် နေအိမ်များထက် အဆင့်မနိမ့်ရဟု ဦးသိန်းအောင်က ပြောသည်။

အစိုးရ၏ အစီအစဉ်ဖြင့် ကုမ္ပဏီ များက ဆောက်လုပ်မည့် နေအိမ် အရွယ်အစားမှာ ရှေ့မျက်နှာစာ ၁၅ ပေနှင့် အလျား ၃၃ ပေ အကျယ် အဝန်း ရှိကြောင်း သိရသည်။

“တချို့ မြေကွက်တွေ ကျတော့ မြေမပြည့်ဘူး။ ဒါကြောင့် သတ်မှတ် တန်ဖိုးအတိုင်း နှစ်ထပ်ရနိုင်ရင် နှစ် ထပ် ရအောင် ကုမ္ပဏီနဲ့ ညှိနှိုင်းမယ်”ဟု ၎င်းက ပြောသည်။

အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ် သည့် နေအိမ် ၂၂ လုံး ပြီးစီးပါက အ.ထ.က ၃ ကျောင်းတွင် ဖွင့်လှစ်ထား သည့် ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းကာ အလှူခံ ရရှိထားသည့် ပစ္စည်းများကို အိမ်တိုင်ရာ ရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကယ် ဆယ်ရေး စခန်းထံမှ သိရသည်။

အိုးလုပ်နှင့် ပိန္နဲတောရပ်ကွက်တို့မှ မီးဘေးသင့် ပြည်သူများအတွက် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၈ ရက်နေ့ အထိ အလှူငွေ ကျပ်သိန်း ၇၀၀ ကျော် (၇၇၈၆၈၇၀၀ ကျပ်) နှင့် ကျပ်သိန်း ၆၀၀ ကျော် (၆၁၃၂၅၅၅၀ ကျပ်) တန်ဖိုးရှိ ပစ္စည်းများကို အလှူခံ ရရှိထားပြီး အိမ်ထောင်စု အလိုက် ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး စခန်းထံမှ သိရသည်။